Sunday, July 19, 2020

ကွတ်ခိုင်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၅ ဦးအား ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့အဝင်ဂိတ်၌ တရားမဝင် ကုန်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်မှု မရှိစေရေး စစ်ဆေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကွတ်ခိုင်မြို့ နယ်၊ မန်ဘန်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးဘေး၌ တရုတ်နိုင်ငံသားများ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၅ ရက် ည ၈ နာရီခန့်တွင် သွားရောက်စစ်ဆေးခဲ့ရာ တစ်ဘက်နိုင်ငံ တရားမဝင် ကူးတို့ဆိပ်မှတဆင့် မူဆယ်၊ ၎င်းမှတဆင့် မန္တလေးသို့ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ကျား ၄ ဦး၊ မ ၁ ဦး စုစုပေါင်း ၅ ဦးကို တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ တရုတ်နိုင်ငံသား ၅ ဦးအား ကွတ်ခိုင်မြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားရှိ၍ တရားဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်မှသတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

>>Zawgyi<<

0 comments:

Post a Comment