Tuesday, July 14, 2020

ဗိုလ်ချုပ်ရှိမှ အဆင်ပြေမည်သူများရှိနေကြောင်း မင်းကင်း လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်မှ ပြည်သူ့လွှတ်တော်တွင် မှတ်ချက်ပြုဆွေးနွေး

ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကျောင်းကောင်စီအသင်းအဖွဲ့တွင် ဗိုလ်တေဇတစ်သင်းထပ်တိုးမည့်အပေါ် ဗိုလ်ချုပ်ရှိမှ တချို့ကအဆင်ပြေသည်ဟု ပြည်သူ့လွှတ်တော်တွင် မင်းကင်းအမတ်ဦးမောင်မြင့်မှတ်ချက်ပြုဆွေးနွေးပြောကြားလိုက်သည်။
နေပြည်တော်တွင် ယနေ့ ဇူလိုင် ၁၄ ရက် ဒုတိယအကြိမ်ကျင်းပသည့်ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မင်းကင်းပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က အဆိုအားဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“တကယ်တော့ ကျောင်းကောင်စီအသင်းတွေကရှိပြီးအသင်းတွေဖြစ်သလိုလက်ရှိလုပ်နေတာပါ။ အဆိုရှင်ပြောသလို ဗိုလ် တေဇအသင်းထပ်ဖွဲ့မယ်ဆိုတာလည်း ကောင်းပါတယ်။ ဗိုလ်ချုပ်ရှိမှ တချို့က အဆင်ပြေမှာဖြစ်ပါတယ်။ လက်ရှိရှိပြီးသား အသင်း ၅ သင်းနဲ့ ဗိုလ်တေဇအသင်းကို ထပ်တိုးလို့ရှိရင်တော့ တစ်ပတ်မှာခုနစ်ရက်ရှိပြီးတော့ အသင်းက ခြောက်သင်းဖြစ်လို့ တာဝန်ခွဲဝေရတာ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဗိုလ်တေဇအသင်းအပြင် နောက်ထပ်အာဇာနည်တစ်ယောက်နဲ့ နောက်ထပ်အသင်းတစ်သင်းထပ်တိုးပေးမှလည်း အဆင်ပြေလိမ့်မယ်လို့ ကျွန်တော်ဆွေးနွေးလိုပါတယ်’’ဟု ၎င်းကပြောသည်။
လက်ရှိတွင်အာဏာရပါတီအစိုးရမှ ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူငါးရာကျပ်တန်များထုတ်ဝေသွားမည်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်ရာတွင် ဗိုလ်ချုပ်ရုပ်ပုံများ အသုံးပြုသွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။
“ဒီမိုကရေစီရဲ့ အခြေခံကတော့ တာဝန်ယူမှုနဲ့ တာဝန်ခံမှုပါပဲ။ အဲဒီတာဝန်ခံမှုနဲ့ တာဝန်ယူမှုဆိုတာ စိတ်ဓါတ်ရေးရာအမူအကျင့် တွေဖြစ်လို့ ဒီမိုကရေစီရဲ့ အနှစ်သာရကအခြေခံစိတ်ဓါတ်သဘောတရားလည်းဖြစ်ပါတယ်’’ဟု မင်းကင်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်ကထပ်မံပြောကြားခဲ့သည်။
Crd : Pyithu Hluttaw - ပြည်သူ့လွှတ်တော်

0 comments:

Post a Comment