Friday, July 10, 2020

မြိတ်တွင် ရေလုပ်သားတစ်ဦး ဆွဲကြိုးချသေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ၊ကျောက်ဖျာကျေးရွာအုပ်စု၊ ဝန်ဖို့ကျေးရွာ၊ကမ်းနံဘေးသစ်ပင်တွင် ဇူလိုင်လ ၉ ရက်နေ့က အမည်မသိအမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးကြောင်း သိရပါတယ်။
"ဘယ်အချိန်က သေမှန်းတော့မသိဘူး ၊ ၉ ရက်နေ့ ၊ ညနေ ၄ နာရီလောက်ကမှ ဂွေးဖောင်ခံနေတဲ့ ရေလုပ်သားတွေတွေ့လို့ တာဝန်ရှိသူတွေကို လာအကြောင်းကြားမှ သိရတယ် သေဆုံးသူအနီးမှာ ဖောင်ခံလှေတစ်စီးကိုလည်းတွေ့ရတယ် သူ့လှေဟုတ်/မဟုတ် တော့ မသိဘူး""လို့ ဒေသခံတစ်ဦးကဆိုပါတယ်။
အဆိုပါအမျိုးသားသည် ဂွေး(မျှင်ငပိ)ဖောင်ခံတဲ့ ရေလုပ်သားဟု ယူဆရကြောင်းသိရပါတယ်။ သေဆုံးသူရဲ့ရုပ်အလောင်းကို မြိတ်ပြည့်ဆေးရုံကြီးရင်ခွဲရုံသို့ တင်ပို့ထားပေမယ့် ၎င်းရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရရှိသေးကြောင်းသိရပါတယ်။
crd-မြတ်ထွဋ် (မြိတ်) #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment