Wednesday, July 22, 2020

ကမ္ဘောဇဘဏ်မှ ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီအတွက် တတိယအကြိမ် ငွေကျပ်သိန်း(၅ဝဝဝ) ထပ်မံလှူဒါန်း

ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီအတွက် ကမ္ဘောဇဘဏ်မှ တတိယအကြိမ် ငွေကျပ်သိန်း (၅ဝဝဝ) ထပ်မံလှူဒါန်းခြင်းကို ဇူလိုင်လ(၂၂)ရက်နေ့ နံနက်(၁ဝးဝဝ)က တောင်ကြီးမြို့ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ မှာကျင်းပသွားခဲ့ကြောင်း သိရပါသည်။
ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်း မှ အလှူငွေကျပ် သိန်း(၅)ထောင် ကို ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ နာယက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က လက်ခံခဲ့ကြောင်း သိရပါသည်။
COVID-19 ကာလအတွင်းတွင် ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီအနေနှင့် ရှမ်းပြည်နယ်အပြင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ စားနပ်ရိက္ခာထောက်ပံ့ခြင်း အပါအဝင် လုပ်ငန်းအားလုံးအတွက် ကျပ်သိန်းပေါင်း (၁၈ဝဝဝ)ကျော် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။
>>Zawgyi<<

0 comments:

Post a Comment