Sunday, July 12, 2020

ကချင်ပြည်နယ်ပြည်သူ့ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၌ ကိုယ်စားလှယ်လောင်း ၆၈ ယောက်ဝင်ပြိုင်ရန် စီစဉ်ထားကြောင်း သတင်းထုတ်ပြန်ထား

၂၀၂၀ ရွေးကောက်ပွဲ၌ ကချင်ပြည်နယ်တွင် ကိုယ်စားလှယ်လောင်း ၆၈ ယောက်ဝင်ပြိုင်ရန် ကချင်ပြည်နယ်ပြည်သူ့ပါတီမှ စီစဉ်လျက်ရှိသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက်ကချင်ပြည်နယ်အတွင်းရှိ
ပြည်နယ်လွှတ်တော် = ၃၆ နေရာ
ပြည်သူ့လွှတ်တော် = ၁၈ နေရာ
အမျိုးသားလွှတ်တော် = ၁၂ နေရာ နှင့် ဗမာရေးရာဝန်ကြီး၊ ရှမ်းရေးရာဝန်ကြီး အပါအဝင် စုစုပေါင်း နေရာ ၆၈ ခုတွင် ဝင်ရောက်ယှဥ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၆၈ ဦးကိုKSPP ဗဟို ကိုယ်စားလှယ်စိစစ်ရွေးချယ်ရေးကော်မတီမှကနဦးရွေးချယ်အတည်ပြုထားပြီဖြစ်ကြောင်း သိရှိရပါသည်။
ကိုယ်စားလှယ်လောင်းများစာရင်းတွင်ကချင်ပြည်နယ်၏အထင်ကရ ဝါရင့်နိုင်ငံရေးသမားများ၊ လူငယ်နိုင်ငံရေးသမားများ အမျိုးသမီးနိုင်ငံရေးဝါရင့်များပါဝင်လာပြီး အမည်စာရင်းများကိုဇူလိုင်လ မကုန်မှီ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment