Sunday, July 26, 2020

ပုဂံဘုရားများတွင် သတ်မှတ်ချက်များနဲ့အညီ ဘုရားဖူးနိုင်

ပုဂံဘုရားတွေမှာ ကျန်းမာရေးအစီအမံတွေဆောင်ရွက်ထားရှိပြီး ဘုရားဖူးချိန်ကိုလည်း သတ်မှတ်ထားတယ်လို့ အလိုတော်ပြည့်ဘုရားဂေါပကအဖွဲ့ ဥက္ကဌထံက သိရပါတယ်။ အခုလ လလယ်ပိုင်းကစလို့ ပုဂံဒေသကို ဘုရားဖူးတွေလာရောက်နေကြပြီဖြစ်ပြီး အထူးသဖြင့် စနေ၊ တနင်္ဂနွေနဲ့ ရုံးပိတ်ရက်တွေမှာတော့ ဘုရားဖူးလာသူတွေပိုမိုများပြားတယ်လို့ပြောပါတယ်။
ဘုရားဖူးလာသူတွေကို Mask တပ်ဖို့နဲ့ Mask မပါရင်ရောင်းချပေးဖို့ စီစဥ်ထားရှိပြီး တစ်ဦးနဲ့တစ်ဦး(၆)ပေအကွာကနေထိုင်ဖို့၊ နေရပ်လိပ်စာကောက်ယူတာတို့တွေကို လုပ်ဆောင်နေတယ်လို့ အလိုတော်ပြည့်ဘုရားဂေါပကအဖွဲ့ ဥက္ကဌ ဦးကျော်တင့်ကပြောပါတယ်။
လက်ရှိမှာတော့ ဘုရားဖူးချိန်ကို မနက်(၆)နာရီကနေ ည(၆)နာရီအထိသတ်မှတ်တဲ့ ကန့်သတ်ချက်သာရှိပြီး ကျန်းမာရေးထောက်ခံစာယူလာဖို့ ဖြေလျော့ပေးထားတယ်ဆိုပါတယ်။
ဟိုတယ်တချို့နဲ့ စားသောက်ဆိုင်တချို့ ပြန်လည်ဖွင့်လှစ်တာမရှိသေးပေမယ့် အများစုကပြန်လည်ဖွင့်လှစ်နေကြပြီး ခရီးသွားလာမှုဆိုင်ရာဝန်ဆောင်မှုတချို့ကလည်း ပြန်လည်ဝန်ဆောင်မှုပေးနေတာကြောင့် ပုဂံဒေသသွားလာရေးအတွက် အခက်အခဲမရှိဘူးလို့ ခရီးသွားအများစုကပြောဆိုကြပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>Zawgyi<<
ပုဂံဘုရားများတွင် သတ်မှတ်ချက်များနဲ့အညီ ဘုရားဖူးနိုင်
Sunday, July 26, 2020
ပုဂံဘုရားတွေမှာ ကျန်းမာရေးအစီအမံတွေဆောင်ရွက်ထားရှိပြီး ဘုရားဖူးချိန်ကိုလည်း သတ်မှတ်ထားတယ်လို့ အလိုတော်ပြည့်ဘုရားဂေါပကအဖွဲ့ ဥက္ကဌထံက သိရပါတယ်။ အခုလ လလယ်ပိုင်းကစလို့ ပုဂံဒေသကို ဘုရားဖူးတွေလာရောက်နေကြပြီဖြစ်ပြီး အထူးသဖြင့် စနေ၊ တနင်္ဂနွေနဲ့ ရုံးပိတ်ရက်တွေမှာတော့ ဘုရားဖူးလာသူတွေပိုမိုများပြားတယ်လို့ပြောပါတယ်။
ဘုရားဖူးလာသူတွေကို Mask တပ်ဖို့နဲ့ Mask မပါရင်ရောင်းချပေးဖို့ စီစဉ်ထားရှိပြီး တစ်ဦးနဲ့တစ်ဦး(၆)ပေအကွာကနေထိုင်ဖို့၊ နေရပ်လိပ်စာကောက်ယူတာတို့တွေကို လုပ်ဆောင်နေတယ်လို့ အလိုတော်ပြည့်ဘုရားဂေါပကအဖွဲ့ ဥက္ကဌ ဦးကျော်တင့်ကပြောပါတယ်။
လက်ရှိမှာတော့ ဘုရားဖူးချိန်ကို မနက်(၆)နာရီကနေ ည(၆)နာရီအထိသတ်မှတ်တဲ့ ကန့်သတ်ချက်သာရှိပြီး ကျန်းမာရေးထောက်ခံစာယူလာဖို့ ဖြေလျော့ပေးထားတယ်ဆိုပါတယ်။
ဟိုတယ်တချို့နဲ့ စားသောက်ဆိုင်တချို့ ပြန်လည်ဖွင့်လှစ်တာမရှိသေးပေမယ့် အများစုကပြန်လည်ဖွင့်လှစ်နေကြပြီး ခရီးသွားလာမှုဆိုင်ရာဝန်ဆောင်မှုတချို့ကလည်း ပြန်လည်ဝန်ဆောင်မှုပေးနေတာကြောင့် ပုဂံဒေသသွားလာရေးအတွက် အခက်အခဲမရှိဘူးလို့ ခရီးသွားအများစုကပြောဆိုကြပါတယ်။
crd-One News Myanmar #Myanmar_Online_News

0 comments:

Post a Comment