Friday, July 17, 2020

အခြေခံပညာ အလယ်တန်း၊ မူလတန်းများ ဖွင့်မည့်ရက်များကို ထပ်မံအသိပေးကြေညာမည်ဟု အခြေခံပညာဦးစီးဌာနမှ တိုင်းနှင့်ပြည်နယ် ပညာရေးမှူးရုံးများသို့ ညွှန်ကြားထား

အခြေခံပညာ အလယ်တန်း၊ မူလတန်း ကျောင်းဖွင့်မည့်ရက်နှင့် ကျောင်းအပ်နှံရေးသီ တင်းပတ်ကို အချိန်မီထုတ်ပြန် ကြေညာမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနက ဇူလိုင် ၁၄ ရက်က တိုင်းဒေသကြီးနှင့် ပြည် နယ်ပညာရေးမှူးရုံးများသို့ အကြောင်းကြားထားသည်။
၂၀၂၀-၂၁ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာ ပိုစ တာများ၊ ညွှန်ကြားချက်များကို အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများတွင် ကြေ ညာနိုင်ရန် အခြေခံပညာဦးစီးဌာန က ဇွန်လ ၃၀ ရက်ကတည်းက တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာ ရေးမှူးရုံးများသို့ ဖြန့်ဝေထား သည်။
ဖြန့်ဝေထားသည့် ကျောင်းအပ်နှံရေးဆိုင်ရာပိုစတာများတွင် အလယ်တန်းနှင့် မူလတန်း ကျောင်းအပ်နှံရေးသီတင်းပတ်ပြု လုပ်မည့်ရက်များ ထည့်သွင်းထား သည်။
ထိုပိုစတာများ ဖြန့်ဝေထား သော်လည်း အလယ်တန်းနှင့် မူလတန်း ကျောင်းအပ်နှံရေးသီ တင်းပတ်နှင့် ကျောင်းဖွင့်မည့် ရက်ကို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအ ဆင့်ဗဟိုကော်မတီက လမ်းညွှန် လျှင် အချိန်မီကြေညာပေးမည်ဟု အခြေခံပညာဦးစီးဌာနက ဇူလိုင် ၁၄ ရက်တွင် အကြောင်းကြားစာ ထပ်မံထုတ်ထားခြင်းဖြစ်သည်။
အခြေခံပညာဦးစီးဌာန ဒုတိ ယညွှန်ကြားရေးမှူးချုပ် ဒေါက် တာတင်မောင်ဝင်းက ‘‘COVID ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီက ခွင့်ပြုမှ ဖွင့်လို့ရမှာပါ။ အလယ် တန်း၊ မူလတန်း ဖွင့်မယ့်ရက် လည်း ဗဟိုကော်မတီကခွင့်ပြု တာနဲ့ ပြည်သူကို ကြေညာမှာပါ’’ ဟု ပြောသည်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအ ဆင့်ဗဟိုကော်မတီက အခြေခံပ ညာကျောင်းများကို ဇူလိုင် ၂၁ ရက်တွင် စတင်ဖွင့်ရန် မေလ ၂၅ ရက် က ပညာရေးဝန်ကြီးဌာနသို့ ညွှန်ကြားခဲ့ပြီး အထက်တန်းအ ဆင့် အတန်းနှစ်တန်း စတင်ဖွင့် ရန် ညွှန်ကြားထားသည်။
အထက်တန်းအဆင့်အ တန်းများ ပြန်ဖွင့်သည့်အခြေအ နေကို သုံးသပ်ကာ အလယ်တန်း၊ မူလတန်းများကို တစ်ဆင့်ချင်း ဆက်ဖွင့်ရန် ပညာရေးဝန်ကြီး ဌာနက စီစဉ်ထားသည်။ CO-VID-19 ကြောင့် အခြေခံပညာ ကျောင်းများကို ပုံမှန်ကျောင်းဖွင့် ချိန် ဇွန်လ ၁ ရက်တွင် မဖွင့်နိုင်ဘဲ ရက် ၅၀ နောက်ကျပြီးမှ ဖွင့်လှစ် မည်ဖြစ်သည်။
Crd : 7Day

0 comments:

Post a Comment