Tuesday, July 7, 2020

ကိုလံဘီယာတွင် လောင်စာတင်ယာဉ် ပေါက်ကွဲမီးမှုကြောင့် လူ ၇ ဦးသေဆုံးကာ ၅၀ ကျော် ဒဏ်ရာရရှိ

ကိုလံဘီယာနိုင်ငံမြောက်ပိုင်း ဘာရန်ကီလာမြို့အရှေ့ဘက်မှာ ဇူလိုင် ၆ ရက်က လောင်စာတင်ယာဉ် တိမ်းမှောက်ခဲ့ပြီး ဒေသခံတွေ ဓာတ်ဆီလာယူရာကနေ လောင်စာတင်ယာဉ်တစ်စီး ပေါက်ကွဲပြီး ၇ ယောက်ထက်မနည်း သေဆုံးကာ လူ ၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
ကိုလံဘီယာ သမ္မတအီဗန်ဒူကေးကလည်း သေဆုံးခဲ့သူတွေနဲ့ တသားတည်း အတူရှိတယ်လို့ သတင်းစကားပါးခဲ့ပါတယ်။ ဒေသတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ကိုလံဘီယာနိုင်ငံရဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေ ပြိုလဲနေချိန်မှာ ဒီလို မတော်တဆမှု ဖြစ်ခဲ့တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
>>Zawgyi<<

0 comments:

Post a Comment