Friday, July 10, 2020

ထိုင်းနိုင်ငံသူတစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးကို သေနတ်တစ်လက်နှင့်အတူ ဖမ်းမိ

မူးယစ်တပ်ဖွဲ့ဝင်များက သတင်းအရ စောင့်ဆိုင်းစစ်ဆေးရာမှ တာချီလိတ်မြို့၊ လွန်းကျိုင်းလမ်းသွယ်တွင် ထိုင်းနိုင်ငံ မှတ်ပုံတင် ကိုင်ဆိုင်သူ အမျိုးသမီးတစ်ဦးနှင့် မြန်မာမှတ်ပုံတင်ကိုင်ဆောင်သူ အမျိုးသား တစ်ဦးတို့ကို ဇူလိုင်လ ၉ရက် နံနက်ပိုင်းက ဖမ်းဆီးရမိသည်။
ဇူလိုင်လ ၉ရက် နံနက် ၁၁နာရီခန့်က တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်၊ လွန်းကျိုင်းလမ်းသွယ်တွင် မူးယစ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က စောင့်ဆိုင်းနေစဉ် စိုင်းလုံဆိုသူ မောင်းနှင်လာသည့် အာရာဖတ်အမျိုးအစား ယာဉ်ကို ရပ်တန့်စစ်ဆေးရာမှ ဖမ်းဆီးရမိခြင်း ဖြစ်သည်။
မြန်မာမှတ်ပုံတင်ကိုင်ဆောင်ထားသည့် ကားမောင်းသူ စိုင်းလုံနှင့်အတူ ထိုင်းနိုင်ငံမှတ်ပုံတင် ကိုင်ဆောင်ထားသည့် မစ္စဟက်တရကျန်ဒ ဆိုသူတို့ကို ခြောက်လုံးပြူးသေနတ်တစ်လက် ကျည် ၁၂တောင့်နှင့်အတူ ဖမ်း ဆီးရမိခြင်း ဖြစ်သည်။
လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူ ၂ဦးကို တာချီလိတ်မြို့မ ရဲစခန်းတွင် ရှမ်းလက်နက် ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Ref ; MeKong News

0 comments:

Post a Comment