Tuesday, July 7, 2020

ဂျပန်ရေဘေးတွင် သေဆုံးသူ ၅၀ ကျော်ရှိပြီး လူ တစ်သန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်း

ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကျူးရှူးကျွန်းတွင် သုံးရက်ကြာ မိုးသည်းထန်စွာ ရွာသွန်းမှု၊ ရေကြီးရေ လျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားပြီးနောက် လူ ၅၀ ဦးထက်မနည်း သေဆုံးခဲ့သည်။
ကူးမားမြစ်မှ မြစ်ရေများကြောင့် ကူမာမိုတိုဒေသရှိ သက်ကြီး စောင့်ရှောက်ရေးဂေဟာတစ်ခုမှ ရေနစ်မြှုပ် ခဲ့ရာ ဝှီးချဲဖြင့်သွားလာရသူအချို့ ရေလွတ်ရာသို့ မသွားနိုင်တော့ဘဲ မြေပြင်ပေါ်၌ သောင်တင်သွားစေခဲ့သည်။
လူတစ်ဒါဇင်ထက်မနည်း ပျောက်ဆုံးနေကြောင်း သိရသည်။ ရေကြီးရေလျှံမှုများကြောင့် တံတားများ၊ လမ်းမကြီးများ ရေနှင့်မျောပါသွားခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များက နေအိမ်အတွင်း ပိတ်မိနေသူများ ကို ကယ်ဆယ်ရန် ဖောင်များ၊ လေသွင်းလှေများ အသုံးပြုခဲ့ရသည်။ ရေနစ်မြှုပ်လျက်ရှိရာ အိမ်ခေါင်မိုးပေါ်၌ ခိုလှုံနေရသော ဒေသခံအချို့ကို ရဟတ်ယာဉ်များဖြင့် ကယ်တင် ခဲ့ရသည်။
ကျူးရှူးကျွန်း ရှာဖွေရေးနှင့်ကယ်ဆယ်ရေးမစ်ရှင်တွင် ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄၀၀၀၀ ကျော်အပြင် အရေးပေါ်ကယ်ဆယ်ရေးသမားများ ပါဝင်ခဲ့ကြောင်း ကျူးရှူးဒေသခံ ပြည်သူတစ်သန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းကြရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
>>Zawgyi<<

0 comments:

Post a Comment