Wednesday, July 22, 2020

ယူကရိန်းတွင် ခရီးသည် ၂၀ ဦးပါတဲ့ ဘတ်စ်ကား ၁ စီးကို လူ ၁ ဦးက ပြန်ပေးဆွဲမှု ဖြစ်ပွား

ယူကရိန်း အနောက်ပိုင်း လွတ်စ်ခ်မြို့မှာ ဇူလိုင် ၂၁ ရက်က လက်နက်တွေ၊ ဖောက်ခွဲရေးပစ္စည်းတွေ ပါတယ်ဆိုတဲ့ လူတစ်ယောက်က ဘတ်စ်ကား တစ်စီးကို ပြန်ပေးဆွဲပြီး ခရီးသည် အယောက် ၂၀ လောက်ကို ဓားစာခံအဖြစ် ခေါ်ဆောင်သွားပါတယ်။
အဲဒီပြန်ပေးသမားရဲ့ တောင်းဆိုချက်တွေကို မသိရသေးဘူးလို့လည်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။ ဒီဖြစ်ရပ်ကြောင့် မြို့လယ်ကောင် လမ်းတွေကို ပိတ်ဆို့ထားတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောကြားပါတယ်။
ဆိုရှယ်မီဒီယာမှာ တင်တဲ့ ဓာတ်ပုံတွေအရတော့ လူသူ မရှိတဲ့ လမ်းလယ်ကောင်မှာ ဘတ်စ်ကားငယ်တစ်စီးကို ရပ်ထားတာ တွေ့ရပါတယ်။ ဘတ်စ်ကားရဲ့ ပြတင်း မှန်နှစ်ချပ်က ကွဲကြေနေပြီး တခြားပြတင်းမှန်တွေကို လိုက်ကာနဲ့ ကွယ်ထားပါတယ်။
အသေအပျောက်၊ ထိခိုက်အနာတရမဖြစ်ဘဲ အခြေအနေကို ဖြေရှင်းဖို့ အစွမ်းကုန် ကြိုးစားနေပြီး အခြေအနေတွေကို ကိုယ်တိုင် မျက်ခြည်မပြတ် ထိန်းချုပ်စောင့်ကြည့်နေ တယ်လို့ သမ္မတက ပြောတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
>>Zawgyi<<

0 comments:

Post a Comment