Tuesday, July 14, 2020

ရခိုင်တွင် အင်တာနက် ပြန်လည်ဖွင့်ပေးရန် ဥပဒေမဲ့ဆန္ဒထုတ်ဖော်ခဲ့တဲ့ လူငယ်နှစ်ဦးနေထိုင်ရာမြို့မှထွက်ပြေးတိမ်းရှောင်သောကြောင့် ပုဒ်မ ၁၉အပြင် တရားခံပြေးအမှုနဲ့ပါ ထပ်တိုး တရားစွဲထား

ရခိုင်တွင် အင်တာနက် ပြန်လည်ဖွင့်ပေးရန် ဥပဒေမဲ့ဆန္ဒထုတ်ဖော်ခဲ့တဲ့ လူငယ်နှစ်ဦးနေထိုင်ရာမြို့မှထွက်ပြေးတိမ်းရှောင်သောကြောင့် ပုဒ်မ ၁၉အပြင် တရားခံပြေးအမှုနဲ့ပါ ထပ်တိုးစွဲခံရကြောင်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရှိရသည်။
ဖမ်းဆီးခံရသူများမှာ ကိုနေစိုးခိုင်နဲ့ ကိုမင်းဇအောင်တို့ဖြစ်ပြီး ၎င်းတို့ (၂)ဦးမှာ အင်တာနက် ပြန်လည်ဖွင့်ပေးရန် ဥပဒေမဲ့ဆန္ဒထုတ်ဖော်ခဲ့ကြောင့် ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့ ရဲမှူးအောင်မော်က တရားလိုလုပ်ပြီး ဇွန်လ ၂၄ ရက်နေ့က အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ကို ၁၅ ရက်အတွင်းမှာ တရားစွဲရခြင်းဖြစ်တာကြောင့် ၎င်းတို့ (၂)ဦးကို သက်ဆိုင်ရာမှ ၁၅ ရက်အတွင်း ခရီးမသွားဖို့ပြောခဲ့ပေမယ့် စစ်တွေသို့တိမ်းရှောင်သွားခဲ့ သည်။ ဇူလိုင်လ ၈ ရက်နေ့တွင် ၁၅ ရက် ပြည့်မြောက်ခဲ့ပြီး ၎င်းတို့နှစ်ဦးမှာ ဇူလိုင်လ ၁၁ ရက်နေ့မှ ၎င်းတို့နေအိမ်သို့ပြန်ရောက်ခဲ့ကြသည်။ ထိုပြန်ရောက်လာသည့်နေ့မှာပင် ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီး ဇူလိုင် ၁၃ရက်နေ့မှာ တရားခံပြေးအမှုနဲ့ပါ ထပ်တိုးစွဲခဲ့ခြင်းဖြစ်သည်။
“ (၁၅) ရက် မပြည့်သေးတဲ့ အချိန်ထိ ရဲတွေကပြန်လာဖို့ပြောတယ်၊ သူတို့က ၃ ရက်ကျော်သွားမှပြန်လာတာ၊ သူတို့ပြန်လာတဲ့နေ့မှာပဲ ရဲတွေက အရပ်ဝတါတွေနဲ့လာဖမ်း သွားကြတာ၊ ပြောထားတဲ့သားနဲ့ သွားတာဆိုတော့ ရဲဘက်ကလည်း ဥပဒေအရလုပ်မှာပဲလေ” ဟု ၎င်းတို့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
၂၀၂၀ ခုနှစ်တွင် (၂)လ၊ ၂၀၁၉ ခုနှစ်တွင် (၆)လခန့် အစိုးရမှ တိုက်ရိုက်စေခိုင်းမှုဖြင့် အင်တာနက်လိုင်းများပိတ်ထားခဲ့ခြင်းဖြစ်သည်။ အင်တာနက်ပိတ်သည့်အကြောင်းအရင်းမှာ ရခိုင်ပြည်သူလူထုအနေဖြင့် ဒီမိုကရေစီအစိုးရလက်ထက်တွင် ငြိမ်းချမ်းသောနည်းလမ်းဖြင့် အဖြေမရှာဘဲ လက်နက်ကိုင်လမ်းစဉ်အား အားပေးအားမြှောက်ပြုသည့် လူမှုကွန်ယက် အသုံးပြုသူများနှင့် နိုင်ငံတော် လုံခြုံရေးအားထိခိုက်စေမည့် အရေးအသားများအား ရဟန်းသံဃာ များအပါအဝင် AA ထောက်ခံသူများမှ ရေးသားနေခြင်းကြောင့်ဖြစ်သည်။ ၎င်းအပြုအမူများကြောင့် ရခိုင်ပြည်နယ်အမြန်ဆုံးငြိမ်းချမ်းရေးအား များစွာထိခိုက်သောကြောင့် အင်တာနက်လိုင်းများအား ယာယီပိတ်ထားခြင်းဖြစ်သည်။
“အင်တာနက်ဖြတ်ထားတာကကြာပြီ၊ အရင်လိုဘယ်မှာဘာဖြစ်တယ်၊ တပ်ဘက်က ဘယ်လိုတွေ လုပ်နေတယ်ဆိုတာတွေ တင်လို့မရတော့ဘူး၊ အဓိက မြောက်ပိုင်းမှာရှိတဲ့သူတွေ သိအောင် ဘာသတင်းမှတင်လို့မရတော့ဘူး၊ အကုန်လုပ်ရကိုင်ရကြပ်နေကြပြီ၊ အခု မရရအောင် တောင်းဆိုသွားမှာဖြစ်တယ်၊ ဒေါ်ထုမေတို့လည်း ရန်ကုန်မှာပြပြီးပြီ၊ ရခိုင်က မြို့(၃)မြို့မှာ လုပ်ခဲ့တယ်၊ ဒီမှာမလုပ်လို့ဆိုပြီး ဖိအားပေးနေတာတွေလည်းရှိတယ်၊ ဒါကြောင့်မို့ သူတို့မဖြစ်မနေ ထလုပ်ရတာ ” ဟု ဆန္ဒပြပွဲတွင် ပါဝင်သည့် ရခိုင်ကျောင်းသားတစ်ဦးက ပြောသည်။
၎င်းကိစ္စနှင့်ပက်သက်၍ “ သူတို့တောင်းဆိုတဲ့ အင်တာနက်လိုင်းပိတ်ထားတဲ့ကိစ္စကတော့ ရှင်းပါတယ်၊ ရခိုင်ပြည်နယ်အမြန်ဆုံးငြိမ်းချမ်းစေဖို့နဲ့ လူမျိုးရေးအမုန်းတရားတွေမကြီး ထွားလာ စေဖို့ အဓိက ရည်ရါယ်တယ်လို့ကျွန်တော့အနေနဲ့ထင်တယ်၊ လက်ရှိက ရခိုင်ပြည် မြောက်ပိုင်းမြို့နယ် တော်တော်များများမှာ AA က ရွာနားတွေမှာ တိုက်ကွက်ဖော်နေတာတွေ ရှိတယ်၊ ဒါကြောင့် စစ်ရှောင်ဦးရေတွေတော်တော်များလာပြီ၊ ကျောင်းတွေလည်းပိတ်ထားရတယ်၊ ငြိမ်းငြိမ်းချမ်းချမ်းပညာသင်ချင်ရင်တော့ နှစ်ဦးနှစ်ဖက်ကို မေတ္တာရပ်ခံသင့်တယ်၊ စစ်တပ် တစ်ခုတည်းပဲ ပြောနေလို့မရဘူး ” ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်တစ်ဦးကပြောသည်။
ယခင်က အင်တာနက်များဖွင့်ထားပေးချိန်တွင် တပ်မတော်စစ်ကြောင်းများနှင့် လုံခြုံရေး လုပ်နေသည့် ရဲတပ်ဖွဲ့များရဲ့ လှုပ်ရှားမှုများအား ရခိုင်လက်နက်ကိုင်အဖွဲ့ထောက်ခံသူများမှ နာရီ၊ မိနစ် အတိအကျဖြင့် တင်နေကျသော်လည်း ယခုအင်တာနက်ဖြတ်တောက်ထားချိန်တွင် သိသိသာသာ လျော့ကျ သွားကြောင်း ဒေသတွင်းလူမှုကွန်ယက်သုံးဆွဲနေမှုများအရ သိရသည်။
Crd : May Yu Htar Nay #Myanmar_Online_News

0 comments:

Post a Comment