Friday, July 10, 2020

ရန်ကုန်မြို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ဇူလိုင်လ ၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ MIP ဆိပ်ကမ်းအတွင်း ရပ်တန့်ထားသော ကုန်သေတ္တာတင်ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသားခန့်မှန်း (၁၀)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ပြည်ပပို့သစ်တောထွက်ပစ္စည်း စိစစ်ထောက်ခံချက်ပြုရေးအဖွဲ့မှ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ မူးယစ်အထူးတပ်ဖွဲ့ဝင်များ၊ ရေကြောင်းရဲတပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ မှ အဆိုပါ ဆိပ်ကမ်းတွင်ရပ်တန့်ထားသော မော်တော်ယာဉ်အမှတ် (YGN 5A/9600) NISSAN Diesel (အဝါရောင်) ကုန်သေတ္တာတင်ယာဉ်ပေါ်မှ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။
အဆိုပါ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိကြောင်း သိရပါသည်။
>>Zawgyi<<

0 comments:

Post a Comment