Monday, July 6, 2020

၁ရာစုပင်လုံညီလာခံကို သြဂုတ် ၁၂ ရက်ကစ၍ သုံးရက်ကျင်းပရန် သတ်မှတ်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ဩဂုတ် ၁၂ ရက်မှ ၁၄ ရက်အထိ နေပြည်တော်၌ သုံးရက်ကြာကျင်းပရန် အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအကြား သဘောတူသတ်မှတ်ထားကြောင်း NCA လက်မှတ်ထိုးရခိုင်လက် နက်ကိုင်အဖွဲ့(ALP) ဗဟိုအလုပ်အမှုဆောင် ဒေါ်စောမြရာဇာလင်း က ပြောကြားသည်။"
ယခင်က ညီလာခံကျင်းပရက်ကို ငါးရက်ခန့် သတ်မှတ်ကျင်းပခဲ့သော်လည်း လက်ရှိအချိန်တွင် COVID-19 ရောဂါဖြစ်ပွားမှုကြောင့် သုံးရက်သာ ကျင်းပရန် စဉ်းစားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ညီလာခံမတိုင်မီ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)တွင် ထည့်သွင်းမည့်အချက်များကို အကျေအလည် ညှိနှိုင်းနေကြောင်း ဒေါ်စောမြရာဇာလင်းက ရှင်းပြသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ညှိနှိုင်းသဘောတူညီချက်များကို လည်း နိုင်ငံရေးပါတီများအားချပြ ဆွေးနွေးခဲ့ကြောင်း၎င်းက ဆိုသည်။ ‘‘UPDJC မှာအတည်ပြု(ညီ လာခံကျင်းပမယ့်ရက် အတည်ပြု)ရမှာပါ။ ဘာကြောင့်လဲဆိုရင် NCA ရဲ့ ဘောင်ထဲက ကျွန်မတို့ သွားရမှာဖြစ်ပါတယ်’’ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။ ညီလာခံမတိုင်မီ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မ တီ(UPDJC) အ စည်းအဝေး၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) တို့အပြင် နှစ် ဖက်ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်သွားမည်ဟုဒေါ်စော မြရာဇာလင်းက ပြောသည်။
အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထိပ်သီးခေါင်းဆောင်များတက် ရောက်မည့် JICM အစည်းအဝေးကို ဇူလိုင်လကုန်ပိုင်း၌ တစ်ကြိမ်၊ ဩဂုတ်ပထမပတ်တွင်တစ်ကြိမ် ကျင်းပရန် စီစဉ်ထားပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊နိုင်ငံရေးပါတီအစုအဖွဲ့၊ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ အစုအဖွဲ့တို့ဖြင့် ဖွဲ့စည်းထား သည့် UPDJC အစည်းအဝေးကို ဩဂုတ် ၁၀ ရက်၊ ၁၁ရက်တွင် ကျင်းပရန် စီစဉ်ထားသည်။
ထို့အပြင် ပြည်ထောင်စုအ ဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-U) အစည်းအ ဝေးကိုလည်း ဇူလိုင် ၇ ရက်နှင့် ၈ ရက်တွင် နေပြည်တော်၌ ကျင်းပ မည်ဖြစ်သည်။ အစိုးရနှင့် NCA လက်မှတ် ထိုး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည် လာမည့် ၂၁ ရာစု ပင်လုံညီလာခံတွင် ပြည် ထောင် စုသဘောတူစာချုပ် အစိတ်အ ပိုင်း(၃)ကိုအပိုင်းသုံးပိုင်းဖြင့် ချုပ် ဆိုရန် ညှိနှိုင်းနေသည်။ ယင်းအ ပိုင်းသုံးပိုင်းမှာ NCA ကို မည်သို့ ဆက်လက် အကောင်အထည် ဖော်မည်ဆိုသည့် NCA အကောင် အထည်ဖော်မှုဆိုင်ရာ မူဘောင် ကိစ္စ၊ ၂၀၂၀ အလွန်အဆင့်လိုက် လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အ ကောင်အထည်ဖော်မှု ဆိုင်ရာ ကိစ္စ၊ ဖက်ဒရယ်ဆိုင်ရာအခြေခံမူ သဘောတူညီချက်ရယူရေးကိစ္စ တို့ဖြစ်သည်။
Ref ; 7Day

0 comments:

Post a Comment