Wednesday, July 15, 2020

နမ့်ခမ်းမြို့နယ်၊ လော့နော်ကျေးရွာ၌ မိုင်းနင်းမိ၍ သံဃာတော် ၁ ပါးနှင့် ကပ္ပိယ ၁ ဦး မိုင်းစထိမှန် သေဆုံး၊ သံဃာတော် ၁ ပါး ဒဏ်ရာရရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်၊ လော့နော်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော် ၊ ရှင်သာမဏေတစ်ပါးနှင့် ကပ္ပိယတစ်ဦးတို့သည် ဇူလိုင် ၁၄ ရက်ညနေ ၆ နာရီခွဲခန့်တွင်ကျေးရွာရှိရေအားလျှပ်စစ်မှ ဘုန်းတော်ကြီးကျောင်းသို့ သွယ်တန်းထားသောမီးကြိုးများအား လိုက်လံစစ်ဆေးစဉ် ရွာဦးစေတီ၏အနောက်ဘက် မီတာ ၂၀ ခန့်အကွာသို့အရောက်၌ သောင်းကျန်းသူ(စိစစ်ဆဲ)အဖွဲ့က ထောင်ထားသည့် မိုင်းဟောင်း ၁ လုံးအား ကပ္ပိယက နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းနှင့် ကျောင်းထိုင်ဆရာတော်တို့ မိုင်းစထိမှန် ဒဏ်ရာများဖြင့် သေဆုံး၊ ပျံလွန်တော်မူခဲ့ပြီး ရှင်သာမဏေတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ မိုင်းထိလူနာအား ကျေးရွာကျေးလက်ကျန်းမာရေးဌာနတွင် လိုအပ်သည့် ဆေးဝါးကုသမှုများခံယူလျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment