Tuesday, July 21, 2020

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ (၅၀၀) ကျပ်တန် ငွေစက္ကူပုံစံအသစ်အား မြန်မာ့စီးပွားရေးဘဏ်များတွင် လဲလှယ်ရယူနိုင်

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ (၅၀၀) ကျပ်တန် ငွေစက္ကူပုံစံအသစ်ကို ယနေ့ ဇူလိုင်လ( ၂၁ )ရက်မှစပြီး မြန်မာ့စီးပွားရေးဘဏ်များတွင် လဲလှယ်ရယူနိုင်ကြောင်း သိရပါသည်။
အဆိုပါဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ (၅၀၀) ကျပ်တန် ငွေစက္ကူအရွယ်အစားမှာ အလျား( ၁၅၀ )
မီလီမီတာနှင့် အနံ( ၇၀ )မီလီမီတာရှိပြီး မျက်နှာစာဘက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပုံနှင့် ကျောဘက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဆောက်အဦပုံကို ရိုက်နှိပ်ထားကာ အရောင်မှာ နီညိုရောင်ဖြစ်ကြောင်း သိရပါသည်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ်တန်ငွေစက္ကူပုံစံအသစ်ကို အာဇာနည်နေ့အထိမ်းအမှတ် အနေဖြင့် ထုတ်ဝေခြင်း ဖြစ်ပြီး လက်ရှိသုံးစွဲနေသော ငါးရာကျပ် တန်ငွေစက္ကူများကိုလည်း တရားဝင် ဆက်လက်သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရပါသည်။
>>Zawgyi<<

0 comments:

Post a Comment