Thursday, July 16, 2020

အမေရိကန်ရှိဆေးရုံများတွင် ကိုရိုနာဗိုင်းရပ်စ်လူနာတွေအတွက် ခုတင်မလောက်မှု ဖြစ်ပေါ်

အမေရိကန်နိုင်ငံ ပြည်နယ်အချို့ရဲ့ဆေးရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ်လူနာတွေအတွက် ခုတင်မလောက်တဲ့ အခက်အခဲရင်ဆိုင်နေပြီး၊ နောက်ထပ် လူနာတွေထပ်ရောက်လာပါက ဘယ်မှာထားမလဲဆိုတာကို သက်ဆိုင်ရာတာဝန်ရှိသူတွေက စဉ်းစားနေရပြီဖြစ်ပါတယ်။
ဖလော်ရီဒါပြည်နယ်မှာ ဆေးရုံ (၅၄)ခုမှာ အထူကြပ်မက်ကုသဆောင်တွေမှာ လူနာတွေပြည်နေပြီဖြစ်ပြီး နောက်ထပ်ခုတင်မရှိတော့ဘူးလို့ Agency for Health Care Administration က ထုတ်ပြန်ပေးထားပါတယ်။နောက်ထပ် ဆေးရုံ (၄၀)မှာလည်း အထူးကြပ်မက်ကုသဆောင်တွေဟာ (၁၀)ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်လို့ဆိုပါတယ်။
တက္ကဆက်ပြည်နယ် Laredo မြို့က ဆေးရုံတွေမှာလည်း လူနာတွေပြည့်နေပြီဖြစ်ပြီး၊ ဟိုတယ်တစ်ခုကို ကိုရိုနာဗိုင်းရပ်စ်လူနာတွေအတွက် ပြောင်းလဲအသုံးပြုစေဖို့ ဖက်ဒရယ်အရေးပေါ်စီမံခန့်ခွဲရေး အေဂျင်စီဟာ အခုတစ်ပတ်ထဲမှာ ရောက်ရှိလာဖို့ ရှိတယ်လို့ ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်လူနာတွေဟာ ဆက်လက်တိုးနေနိုင်တာကြောင့် ဆေးရုံတွေမှာ ပုံမှန်ကုသရေးအခန်းတွေကိုလည်း အထူးကြပ်မက်ကုသဆောင်တွေအဖြစ် ပြောင်းလဲဖို့ စီစဉ်လာရတယ်လို့ တာဝန်ရှိသူတွေက CNN သတင်းဌာနကိုပြောပါတယ်။
source - CNN #Myanmar_Online_News
>>Zawgyi<<
အမေရိကန်ရှိဆေးရုံများတွင် ကိုရိုနာဗိုင်းရပ်စ်လူနာတွေအတွက် ခုတင် မလောက်မှု ဖြစ်ပေါ်

0 comments:

Post a Comment