Friday, July 24, 2020

မဲမပေးရန် လှုံဆော်ရေးသားခြင်းများ ပြုလုပ်ပါက ထောင်ဒဏ်ချမှတ်နိုင်

လာမယ့် နိုဝင်ဘာလ(၈)ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမှာ မဲမပေးဖို့အတွက် လှုံဆော်ရေးသားခြင်းတွေ ပြုလုပ်ပါက တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်နိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင် ပြစ်မှုများနဲ့ ပြစ်ဒဏ်အချက်အလတ်များအရ သိရပါတယ်။
သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈(ဃ)အရ ဆန္ဒမဲပေးခြင်းကို ပျက်ပြားစေရန်ဖြစ်စေ၊ ရွေးကောက်ပွဲ ပျက်ပြားစေရန်ဖြစ်စေ စည်းရုံးဟောပြောခြင်း၊ လှုံဆော်ခြင်း၊ ရေးသားခြင်း၊ ဖြန့်ချိခြင်း၊ ပိုစ တာများ အသုံးပြုခြင်း သို့မဟုတ် အခြားနည်းဖြင့် အားထုတ်ကြိုးပမ်းခြင်း မပြူရန်၊ ကျူးလွန်ပါက တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်တယ်လို့ ပြဌာန်းထားပါတယ်။
ယင်းအပြင် လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ အကြောင်းပြု၍ ဆန္ဒမဲပေးရန်သော်လည်းကောင်း၊ ဆန္ဒမဲမပေးရန်သော်လည်းကောင်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်း သို့မဟုတ် ယင်းသို့ပြုလုပ်ရန် အားပေးလှုံဆော်ခြင်းမပြုရန် ကျူးလွန်ပါက တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်တယ်လို့ ပြဌာန်းထားပါတယ်။
Ref ; Myanma Platform News

0 comments:

Post a Comment