Wednesday, July 15, 2020

ပြည်သူ့ဝန်ထမ်း အယောက်ဆောင်၍ လူ(၅)ဦးကို ဖမ်းဆီးလက်ထပ်ခတ်ပြီး ငွေတောင်းခံသည့် မှုခင်းသတင်းထောက်နှစ်ဦးကို ရဲကဖမ်းဆီး၊သတင်းထောက်နှစ်ဦးကို စစ်ဆေးရာ ဓါး၊လက်ထိပ်များတွေ့ရှိ

ပြည်သူ့ဝန်ထမ်း အယောက်ဆောင်၍ လူ(၅)ဦးကို ဖမ်းဆီးလက်ထပ်ခတ်ပြီး ငွေတောင်းခံသည့် မှုခင်းသတင်း ထောက်နှစ်ဦးကို ရဲကဖမ်းဆီးလိုက်ပြီးနောက် သတင်းထောက်နှစ်ဦးကို စစ်ဆေးရာ ဓါး၊လက်ထိပ်များတွေ့ရှိခဲ့ပါတယ်။
ဖြစ်စဉ်မှာ ဇူလိုင်(၁၄)ရက်၊ညနေ(၅)နာရီအချိန်၌ လားရှိုးမြို့၊မြို့ရှောင်လမ်း၌ နေပြည်တော်တိုင်းမှုခင်းသ တင်းထောက်နှင့်နှင့်သတင်းစုံမီဒီယာက သတင်းထောက်နှစ်ဦးသည် လူ(၅)ဦးကို ဖမ်းဆီး၍ လက်ထိပ်ခတ်ကာ ငွေတောင်းခံမှုပြု့လုပ်နေကြောင်း သတင်းရရှိမှုကြောင့် လားရှိုးမြို့ ရဲတပ်ဖွဲ့က သွားရောက် ဖမ်းဆီးခဲ့ပါတယ်။
ထိုကဲ့သို့ ဖမ်းဆီးရမိခဲ့သည့် သတင်းထောက်နှစ်ဦးကို စစ်ဆေးရာတွင် လက်ထိပ်၊ဓါး၊စကားပြောစက်များကို တွေ့ရှိရပါတယ်။ထိုကြောင့် သတင်းထောက်နှစ်ဦးဖြစ်သည့် ဦးကျော်ကျော်နှင့်ဦးဇော်နိုင်ဦးတို့ကို ရဲတပ်ဖွဲ့က အယောင်ဆောင်မှု၊ခြောက်လှန့်ငွေတောင်းခံမှု၊မတရားချုပ်နှောင်မှု၊ပူးပေါင်းကြံစည်မှု စသည်ဖြင့် ပုဒ်မ (၅)ခုဖြင့် အရေးယူလိုက်ပါတယ်။
အလားတူ အဆိုပါ သတင်းဌာနမှ သတင်းထောက်များသည် ပြည်သူများကို နည်းလမ်းအသွယ်သွယ်ဖြင့် ခြောက်လှန့်ငွေတောင်းခံခြင်း၊တရားမဝင်လုပ်ငန်းများထံမှ ငွေတောင်းခံခြင်းများကို လုပ်ဆောင်လေ့ရှိကြောင်း လားရှိုးနေပြည်သူတစ်ဦးက ပြောပါတယ်။
Ref ; People Media

0 comments:

Post a Comment