Monday, July 13, 2020

ဝက်အပြင်းဖျားရောဂါကြောင့် ညောင်ရွှေမြို့မှာ ဝက်သားရောင်းချခွင့်ကို ပိတ်ပင်

ရှမ်းပြည်နယ်၊ ကျိုင်းတုံ ၊ တာချီလိတ်အပါအဝင် မြို့နယ်အချို့မှာ ဝက်အပြင်းဖျားရောဂါ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း ညောင်ရွှေမြို့မှာ ဝက်သားရောင်းချခွင့်ကို ဩဂုတ်လကုန်ထိ ပိတ်ပင်ထားပြီး အခြားမြို့နယ်တွေက သယ်ဆောင်ခွင့်ကိုလည်း တားမြစ်ထားတယ်လို့ သိရပါတယ်။
“ကျိုင်းတုန်နဲ့ တာချီလိတ်ဘက်ဆို ဝက်တောင် မကျန်သလောက်ပဲ။ တောင်ကြီးဘက်မှာ မရှိသေးပေမယ့် ညောင်ရွှေ၊ အင်းရွာ ဆယ့်လေးငါးရွာမှာတော့ ဝက်တွေ သေတာမနည်းဘူး။ လက်ရှိတော့ ဝက်သားရောင်းချခွင့်ပိတ်ပင်ထားတယ်”လို့ ရှမ်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ညောင်ရွှေမှာဖြစ်ခဲ့တဲ့ ဝက်ကောင်ရေ(၄၉၈)ကောင် သေဆုံးပြီး အာဖရိဝက်အပြင်းစားဖျားနာရောဂါနဲ့ မျိုးရိုးဗီဇတူညီတာ စတွေ့ချိန်က ဒေသတွင်း ဝက်သားရောင်းချခွင့်ကို ပိတ်ပင်ထားပါတယ်လို့ ‌ ညောင်ရွှေမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်မင်းထွန်းကပြောပါတယ်။
ဇွန်လ၂၆ ရက်နေ့ကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပီကင်း‌ကောခူကျေးရွာ ဝက်မွေးမြူရေးခြံနှစ်ခြံမှာ အာဖရိက ဝက်အပြင်းဖျားရောဂါကြောင့် ဝက်ကောင်ရေ ၁၈၀ ကျော် သေဆုံးခဲ့ပြီးနောက် အဲ့ဒီဝက်ခြံ နှစ်ခြံကို ဝက်မွေးမြူခွင့်(၆)လပိတ်ပင်ခဲ့တာလို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
>>Zawgyi<<

0 comments:

Post a Comment