Monday, July 20, 2020

မိတ္ထီလာတွင် ဘုန်ကြီးအယောင်ဆောင်သူနှင့်၎င်းနှင့်အတူပါလာသူ ၁ ဦးတို့အား သာသနာ ညှိုးနွမ်းအောင်ပြုလုပ်မှုဖြင့် အမှုဖွင့် အရေးယူ

ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် မိတ္ထီလာမြို့ ပြည်သာသာတောင်ရပ်ကွက်တွင် မိမိကိုယ်တိုင် သင်္ကန်းဝတ်ပြီးလှည့်လည် အလှူခံနေသူအား ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးမျိုးမင်းမင်း အမှတ် ၃ နယ်မြေ ရဲစခန်းတွင်ခေါ်ဆောင်ထားကြောင်း ဖုန်းဖြင့်ဆက်သွယ်၍ခရိုင်သာသနာရေးမှုပါရောက်ရှိလာပြီးစစ်ဆေးရာစစ်ဆေးမေးမြန်းကြပြီး မြို့တာဝန်ရှိသူများဖြင့် မိတ္ထီလာမြို့ ဝမ်းတော်ပြည့်ကျောင်းတိုက်သို့ မိမိကိုယ်တိုင်သင်္ကန်းဝတ်သူနှင့် အတူပါလာသူတို့အား ခေါ်ဆောင်ခဲ့ပါသည်။
မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးတပါးမှမေးမြန်းချက်အရ မိမိကိုယ်တိုင်သင်္ကန်းစည်း၍လှည့်လည်အလှူခံနေသူ ဦးသုမန (ခ) သန့်ဇင် အသက်၃၇နှစ် (ဘ)ဦးသင်းမောင် (မိ) ဒေါ်ခင်စိန် မပတ (မမှတ်မိ)ကျီတိုင်ကုန်း (တောင်ရွာ) သာစည်မြို့နေသူဖြစ်ပြီး ၎င်းသည် မိတ္ထီလာမြို့ပေါ်နှင့်အနီး ကျေးရွာများသို့ လှည့်လည်အလှူခံနေသည်မှာ19/7/2020ရက်နေ့ထိ ၄ရက်ရှိပြီဖြစ်ကြောင်းနှင့် ၎င်းတွင် ဇနီးနှင့်သားသမီး၂ဦးရှိကြောင်း16 ရက်နေ့အလှူ ရငွေ၃၆၀၀၀ကျပ် 17ရက်နေ့ အလှူခံရငွေ ၃၀၀၀၀ကျပ် 18ရက်နေ့အလှူခံရငွေ
၂၆၀၀၀ကျပ်19ရက်နေ့အလှူခံရငွေ ၄၆၁၅၀ကျပ်ရရှိကြောင်း 19/7/2020 ရက်နေ့ 5:00နာရီခန့်တွင် အလှူလှည့်လည်ခံပြီး ရွာသို့ပြန်ရန် ခါတိုင်းကဲ့သို့ မကျီးချောက်ကျေးရွာအနီး တာဘောင်ပေါ်ရှိခြုံထဲသို့ဝင်ပြီး အင်္ကျီအဝတ်အစားလည်းနေချိန်တွင် အမှတ်၃နယ်မြေရဲစခန်း (ထီလာ)မှ နယ်ထိန်းခေါင်းဆောင်နှင့်တပ်ဖွဲ့ဝင်များအဖွဲ့မှမိမိအားလိုက်ပို့သူ မိုးဇော် အသက် ၂၅နှစ် ဘ ဦးမြင့်ဦး မိ ဒေါ်မြင့်ကြည် ကျီတိုင်ကုန်းရွ သာစည်မြို့နယ် နေသူအား တာဘောင်ရိုးပေါ်တွင် စောင့်နေစဉ် မသင်္ကာ၍ မေမြန်းရာမှ အမှတ် ၃ရဲစခန်းသို့ ခေါ်ဆောင်ခြင်းခံရကြောင်းနှင့် မိုးဇော်ဆိုသူမှာ မိတ္ထီလာမြို့သို့ ဆိုင်ကယ်နှင့်လိုက်ပို့ရာ ၁၀၀၀၀ကျပ်ရရှိကြောင်းနှင့် စတင်ခေါ်ဆောင်လာစဉ်က အရပ်ဝတ်နှင့်ဖြစ်ကြောင်းပြောပြ၍သိရှိရပြီး အမှတ်၃နယ်မြေရဲစခန်းတွင် ဥပဒေနှင့်အညီအရေးယူနိုင်ရေးဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။
Crd : Khin Ko Latt #Myanmar_Online_News

0 comments:

Post a Comment