Wednesday, July 22, 2020

ဘားအံမြို့နယ်၊ မဲဘောင်ကျေးရွာ၌ အမျိုးသမီးတစ်ဦးအား ပစ္စတိုဖြင့် ပစ်ခတ်မှုဖြစ်ပွား

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မဲဘောင်ကျေးရွာ၊ ဘားအံ-လှိုင်းဘွဲ့ ကားလမ်းဘေးရှိ ဆန်ဂိုဒေါင်တစ်ခုအတွင်း၌ ဒေါ်မရင်သန်း(၅၀)နှစ် (ဘ)ဦးအဒီး၊ ကရင်/ဗုဒ္ဓနှင့် မြေးတော်စပ်သူ မမိုးသဇင်လင်း (၄)နှစ်တို့နှစ်ဦးရှိနေစဉ် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၉ ရက် ညနေ ၄ နာရီခန့်တွင် TOYOTA WISH အမျိုးအစား အဖြူရောင်မော်တော်ယာဉ်တစ်စီး ရောက်ရှိလာကာ အမည်မသိ အမျိုးသားနှစ်ဦးမှ ဆန်ကွဲဝယ်ယူလိုသည်ဟုပြောပြီး တစ်ဦးမှပါလာသော ပစ္စတိုဖြင့် ဒေါ်မရင်သန်းအား ပစ်ခတ်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ပစ်ခတ်မှုကြောင့် ဒေါ်မရင်သန်း၏ ဝဲဘက်နံဘေး ရှပ်ထိဒဏ်ရာ(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သဖြင့် ဘားအံပြည်သူ့ဆေးရုံသို့တက်ရောက်၍ ဆေးကုသမှုများပြုလုပ်ခဲ့ပြီး လှိုင်းဘွဲ့ မြို့ဘက်သို့ ထွက်ပြေးသွားသော ပြစ်မှုကျူးလွန်သူနှစ်ဦးကို လမ်ကြောင်းတစ်လျှောက် ပိတ်ဆို့ရှာဖွေလျက်ရှိကြောင်း တပ်မတော်မှသတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။
>>Zawgyi<<

0 comments:

Post a Comment