Monday, July 6, 2020

တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးမှ မည်သည့်အခြေအနေမျိုးတွင်မဆို မြောက်ကိုရီးယားနိုင်ငံနှင့် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့

တောင်ကိုရီးယား ပြန်လည်ပေါင်းစည်ရေးဝန်ကြီးမှ မည်သည့်အခြေအနေမျိုးတွင် မဆို မြောက်ကိုရီးယားနိုင်ငံနှင့် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဇူလိုင်လ ၆ ရက်နေ့က ပြောကြားခဲ့ပါသည်။
အဆိုပါ ပြောကြားချက်သည် မြောက်ကိုရီးယားမှ အမေရိကန်နိုင်ငံနှင့် ထိပ်သီးဆွေးနွေးပွဲပြုလုပ်ရေးနှင့်ပတ်သက်၍ ငြင်းဆိုပြီးနောက် ၂ ရက်အကြာတွင် ပေါ်ထွက်လာခဲ့သည်။
၄ နှစ်သက်တမ်းရှိပြီဖြစ်သော အာဏာရပါတီ၏ ဥပဒေပြုအမတ် Lee In-young မှ မြောက်ကိုရီးယားနိုင်ငံနှင့် ငြိမ်းချမ်းရေးရရှိရေးအတွက် ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေရန် ကတိပြုပြောကြားခဲ့သည်။
Lee In-young မှ မြောက်ကိုရီးယားနိုင်ငံအား စစ်ရေးတင်းမာမှုများ ဖြစ်စေမည့် မည့်သည့်လုပ်ရပ်မျိုးကိုမဆို ရှောင်ရှားရန်တောင်းဆိုခဲ့ပါသည်။ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံကြား၊ မြောက်ကိုရီးယားနှင့် အမေရိကန်နိုင်ငံကြား ဆွေးနွေးပွဲများ ကို မည်သည့်အခြေအနေတွင်မဆို ရပ်တန့်ခြင်းမပြုဘဲ ဆက်လက်လုပ်ဆောင်စေလို ကြောင်း ၎င်းမှ ပြောကြားခဲ့သည်။
ဇူလိုင်လ ၄ ရက်နေ့တွင် မြောက်ကိုရီးယားနိုင်ငံမှ အမေရိကန်နိုင်ငံသည် နိုင်ငံရေးပဋိပက္ခများတွင် နှစ်နိုင်ငံကြား တွေ့ဆုံဆွေးနွေးမှုများကို လက်နက်တစ်ခု အဖြစ် အသုံးချနေသည်ဟု စွပ်စွဲပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် မလိုအပ်ကြောင်း ယူဆသည်ဟု ပြောကြားခဲ့ပါသည်။ ထို့နောက် Lee In-young ၏ ပြောကြားချက်များ ပေါ်ထွက်လာခဲ့ပါသည်။
တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းမှ နိုဝင်ဘာတွင် ကျင်းပပြုလုပ်မည့် အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်မီ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ကြား တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် တိုက်တွန်း ပြောကြားခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံမှ ငြင်းဆိုခဲ့ခြင်းဖြစ်ပါသည်။
Lee In-young မှ ကိုရီးယားကျွန်းဆွယ်ပေါ်တွင် ငြိမ်းချမ်းရေးတည်ဆောက်မည့် ကိုရီးယားနှစ်နိုင်ငံကြား မူလရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်လိုအပ်ပြီး အရေးယူပိတ်ဆို့မှုများ ဆက်လက်မလုပ်ဆောင်သင့်ကြောင်းနှင့် ၎င်းတို့၏ ဆက်ဆံရေး တင်းမာမှုများနှင့်ပတ်သက်၍ နည်းလမ်းရှာဖွေရန် တောင်းဆိုခဲ့သည်။
source-Yonhap News #Myanmar_Online_News
>>Zawgyi<<
တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးမှ မည်သည့်အခြေအနေမျိုးတွင်မဆို မြောက်ကိုရီးယားနိုင်ငံနှင့် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့
Monday, July 6, 2020
တောင်ကိုရီးယား ပြန်လည်ပေါင်းစည်ရေးဝန်ကြီးမှ မည်သည့်အခြေအနေမျိုးတွင် မဆို မြောက်ကိုရီးယားနိုင်ငံနှင့် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဇူလိုင်လ ၆ ရက်နေ့က ပြောကြားခဲ့ပါသည်။ အဆိုပါ ပြောကြားချက်သည် မြောက်ကိုရီးယားမှ အမေရိကန်နိုင်ငံနှင့် ထိပ်သီးဆွေးနွေးပွဲပြုလုပ်ရေးနှင့်ပတ်သက်၍ ငြင်းဆိုပြီးနောက် ၂ ရက်အကြာတွင် ပေါ်ထွက်လာခဲ့သည်။
၄ နှစ်သက်တမ်းရှိပြီဖြစ်သော အာဏာရပါတီ၏ ဥပဒေပြုအမတ် Lee In-young မှ မြောက်ကိုရီးယားနိုင်ငံနှင့် ငြိမ်းချမ်းရေးရရှိရေးအတွက် ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေရန် ကတိပြုပြောကြားခဲ့သည်။
Lee In-young မှ မြောက်ကိုရီးယားနိုင်ငံအား စစ်ရေးတင်းမာမှုများ ဖြစ်စေမည့် မည့်သည့်လုပ်ရပ်မျိုးကိုမဆို ရှောင်ရှားရန်တောင်းဆိုခဲ့ပါသည်။ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံကြား၊ မြောက်ကိုရီးယားနှင့် အမေရိကန်နိုင်ငံကြား ဆွေးနွေးပွဲများ ကို မည်သည့်အခြေအနေတွင်မဆို ရပ်တန့်ခြင်းမပြုဘဲ ဆက်လက်လုပ်ဆောင်စေလို ကြောင်း ၎င်းမှ ပြောကြားခဲ့သည်။
ဇူလိုင်လ ၄ ရက်နေ့တွင် မြောက်ကိုရီးယားနိုင်ငံမှ အမေရိကန်နိုင်ငံသည် နိုင်ငံရေးပဋိပက္ခများတွင် နှစ်နိုင်ငံကြား တွေ့ဆုံဆွေးနွေးမှုများကို လက်နက်တစ်ခု အဖြစ် အသုံးချနေသည်ဟု စွပ်စွဲပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် မလိုအပ်ကြောင်း ယူဆသည်ဟု ပြောကြားခဲ့ပါသည်။ ထို့နောက် Lee In-young ၏ ပြောကြားချက်များ ပေါ်ထွက်လာခဲ့ပါသည်။
တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းမှ နိုဝင်ဘာတွင် ကျင်းပပြုလုပ်မည့် အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်မီ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ကြား တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် တိုက်တွန်း ပြောကြားခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံမှ ငြင်းဆိုခဲ့ခြင်းဖြစ်ပါသည်။
Lee In-young မှ ကိုရီးယားကျွန်းဆွယ်ပေါ်တွင် ငြိမ်းချမ်းရေးတည်ဆောက်မည့် ကိုရီးယားနှစ်နိုင်ငံကြား မူလရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်လိုအပ်ပြီး အရေးယူပိတ်ဆို့မှုများ ဆက်လက်မလုပ်ဆောင်သင့်ကြောင်းနှင့် ၎င်းတို့၏ ဆက်ဆံရေး တင်းမာမှုများနှင့်ပတ်သက်၍ နည်းလမ်းရှာဖွေရန် တောင်းဆိုခဲ့သည်။
source-Yonhap News #Myanmar_Online_News

0 comments:

Post a Comment