Sunday, July 19, 2020

ပြင်ဦးလွင်မြို့နယ်တွင် တိမ်းမှောက်နေသောယာဉ်အား သွားရောက်စစ်ဆေးရာမှ သိန်းပေါင်း ၃၅၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မန္တလေး-လားရှိုး မိုင်တိုင်အမှတ် (၂၂/၄)အနီးတွင် ဇူလိုင် ၁၆ ရက် နံနက်ပိုင်း၌ ယာဉ်တစ်စီး တိမ်းမှောက်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ မန္တလေးဘက် အဆင်း လမ်း၏ ဝဲဘက် ၅ ပေခန့်အကွာ၌ SURF အမျိုးအစား ခဲရောင်ယာဉ်တစ်စီး တိမ်းမှောက်နေပြီး အဆိုပါယာဉ်အတွင်းမှ ဆာလာအိတ် ၁၁ အိတ်ဖြင့် ထုတ်ပိုးထားသော ဘိန်းဖြူဟု ယူဆရသည့် အဖြူရောင်အမှုန့် ၂၅၁၉၀ ဂရမ်နှင့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၅၀၈၀၀၀ ပြား၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ်(၃၅၃၅၀၀၀၀၀၀)ခန့်အား ဖမ်းဆီးရမိကာ သယ်ဆောင်လာသူမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးရမိ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများအား သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံထားပြီး တရားခံအား ဖော်ထုတ်ရရှိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
>>Zawgyi<<
ပြင်ဦးလွင်မြို့နယ်တွင် တိမ်းမှောက် နေသော ယာဉ်အား သွားရောက်စစ်ဆေးရာမှ သိန်းပေါင်း ၃၅၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Sunday, July 19, 2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မန္တလေး-လားရှိုး မိုင်တိုင်အမှတ်(၂၂/၄)အနီးတွင် ဇူလိုင် ၁၆ ရက် နံနက်ပိုင်း၌ ယာဉ်တစ်စီး တိမ်းမှောက်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ မန္တလေးဘက် အဆင်း လမ်း၏ ဝဲဘက် ၅ ပေခန့်အကွာ၌ SURF အမျိုးအစား ခဲရောင်ယာဉ်တစ်စီး တိမ်းမှောက်နေပြီး အဆိုပါယာဉ်အတွင်းမှ ဆာလာအိတ် ၁၁ အိတ်ဖြင့် ထုတ်ပိုးထားသော ဘိန်းဖြူဟု ယူဆရသည့် အဖြူရောင်အမှုန့် ၂၅၁၉၀ ဂရမ်နှင့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၅၀၈၀၀၀ ပြား၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ်(၃၅၃၅၀၀၀၀၀၀)ခန့်အား ဖမ်းဆီးရမိကာ သယ်ဆောင်လာသူမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးရမိ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများအား သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံထားပြီး တရားခံအား ဖော်ထုတ်ရရှိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

0 comments:

Post a Comment