Friday, July 24, 2020

ဘီဟာနှင့်အာသံပြည်နယ်တွင် ရေကြီးပြီး လူ ၁ သန်း ယာယီစခန်းသို့ ရောက်ရှိ

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်နဲ့အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွေမှာ မုတ်သုန်မိုး ပြင်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးပြီး လူ ၁ သန်းကျော် ယာယီစခန်းတွေမှာ နေထိုင်နေရပါတယ်။
ဒါဟာ ကိုဗစ်-၁၉ ကပ်ဘေးကြုံနေပေမဲ့ လူတွေစုဝေးနေထိုင်နေရခြင်းပါ။ ဇူလိုင်လ ၂၂ရက်မှာတော့ ဝေးလံခေါင်ဖျားဒေသက ကျေးရွာတွေဆီမှာ ပိတ်မိနေတဲ့သူ တွေဆီကို ကယ်ဆယ်ရေးသမားတွေက လှေတွေနဲ့သွား ရောက် ကယ်ဆယ်နေရပြီး အိမ်တော်တော် များများ လည်း ရေအောက်နစ်မြုပ်နေပါတယ်။
ရေကြီးမှုတွေကြောင့် အာသံပြည်နယ်မှာ လူ ၈၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့အပြင် လူ ပေါင်း ၂ ဒဿမ ၇၅ သန်းကိုလည်း မေလကစလို့ နေရာရွှေ့ပြောင်း ပေးနေရတာပါ ။
ရေကြီးမှုကြောင့် ကမ္ဘာ့အကြီးဆုံး ကြံ့ဥယျာဉ်ဖြစ်တဲ့ ကာဇီရန်ဂါ အမျိုးသားဥယျာဉ်မှာ လည်း ဇူလိုင်လ ၁၄ ရက်က ကြံ့ပေါက်လေး တကောင်ကို ကယ်တင်ပြီး ဥယျာဉ်မှာရှိတဲ့ ပြန်လည်ထူထောင်ရေးစခန်းမှာ ကုသပေးနေရတယ်လို့ သိရပါတယ်။
မုတ်သုံမိုးဟာ အိန္ဒိယစိုက်ပျိုးရေးရဲ့အသက်သွေးကြောဖြစ်ပေမယ့်ဒီနှစ်တော့ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ကပ်ဘေးကို ရင်ဆိုင်နေရတဲ့ အိန္ဒိယဟာ ရေဘေးကိုပါ ထပ်ဆင့်ရင်ဆိုင်နေရ ပါတယ်။
ဇူလိုင် ၂၃ရက် မွန်းလွဲ ၂နာရီထိ အတည်ပြုချက်အရ ကိုဗစ်-၁၉ ကူးစက်ခံ လူနာ ၁ ဒသမ ၂၄သန်းကျော်ရှိနေပြီး သေဆုံးသူ ၃၀၀၀၀ လောက် ရှိနေပါတယ်။
Ref ; DVB

0 comments:

Post a Comment