Friday, July 17, 2020

အစိုးရစောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင်နေရာ ရွေးချယ်ရာမှ ထိုင်ဝမ် လွှတ်တော်အတွင်း အမတ်များ ရန်ပွဲထပ်မံဖြစ်ပွား

အစိုးရစောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင်နေရာအတွက် သမ္မတ ဆိုင်အင်းဝမ် အမည်စာရင်းတင်သွင်းခဲ့တဲ့ ပုဂ္ဂိုလ်အပေါ် အငြင်းပွားကြရာမှ ယနေ့တွင် ထိုင်ဝမ် လွှတ်တော်တွင်းနဲ့ ပြင်ပမှာ အမတ်တွေ နောက်တစ်ကြိမ် ခိုက်ရန်ဖြစ်ပွားခဲ့ကြပြန်ပါတယ်။
လွတ်လပ်သော အစိုးရစောင့်ကြည့်အဖွဲ့ Control Yuan ခေါင်းဆောင်အဖြစ် အမည်စာရင်းတင်သွင်းခံရသူ ချန်ချူးအပေါ် အတိုက်အခံ ကူမင်တန် (KMT) ပါတီအမတ်တွေက အသံဆူညံစွာအော်ဟစ်ရင်း ဆန့်ကျင်မှုလုပ်ခဲ့ပါတယ်။ ဇန်နဝါရီ ရွေးကောက်ပွဲမှာ သမ္မတ ဆိုင်နဲ့ သူမရဲ့ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) တို့ရဲ့ ကြီးကြီးမားမား ထိုးနှက်ခံခဲ့ရတဲ့ KMT ပါတီဟာ ယခုသီတင်းပတ်အတွင်းက ပါလီမန်ရဲ့ အဓိကအစည်းအဝေးခန်းကို သုံးရက်ကြာ သိမ်းပိုက်ထားခဲ့ပြီး ချန် ရာထူးခန့်အပ်ခံရမယ့်အရေး တားဆီးဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။
KMT အမတ်များစွာဟာ အစည်းအဝေးခန်းတွင်းရှိ မဲပုံးတွေကို တွန်းလှဲပစ်ခဲ့ကြပြီး DPP အမတ်တွေ အဆိုပြုကိုယ်စားလှယ်အပေါ် မဲပေးရွေးချယ်လို့မရအောင် လုပ်ခဲ့ပါတယ်။ DPP ပါတီဟာ ကိုယ်စားလှယ်လောင်း မဲပေးရွေးချယ်မှု တစ်စိတ်တစ်ပိုင်းကို လိမ်လည်ခဲ့တယ်လို့ ယခုသီတင်းပတ်မှာ KMT က စွပ်စွဲခဲ့ပါတယ်။
“တရားမဝင်သော မဲပေးမှု” ဆိုတဲ့ စာတမ်းတွေကိုင်ကာ KMT အမတ်တွေ ဆူပူ ကန့်ကွက်နေတဲ့ကြားက သောကြာနေ့မှာ မဲပေးမှုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ လွှတ်တော်ပြင်ပရှိ KMT ထောက်ခံသူ ၁၀၀ လောက်ဟာ ရဲတွေနဲ့ တိုက်ခိုက်မှုဖြစ်ခဲ့ပြီး အချို့က အတားအဆီးတွေကို ဖြတ်ကျော်ဝင်ရောက်ဖို့ ကြိုးစားခဲ့ပြီး အမည်စာရင်းတင်ထားမှုကို ရုတ်သိမ်းဖို့ DPP ကို တောင်းဆိုခဲ့ပါတယ်။
ထိုင်ဝမ်နိုင်ငံရေးစနစ်ဟာ တကျက်ကျက် ပူညံညံနိုင်ပြီး တစ်ခါတစ်ရံ ထိန်းမနိုင် သိမ်းမရ ဖြစ်လေ့ရှိတဲ့ ဒီမိုကရေစီအုပ်ချုပ်မှုစနစ်ဖြစ်ပါတယ်။ ပါလီမန်အတွင်း လက်သီးစွမ်းပြကြခြင်းနဲ့ ဆူပူကန့်ကွက်မှုတွေဟာ အဆန်းမဟုတ်တော့ပါဘူး။
DPP ပါတီဟာ လွှတ်တော်မှာ အမတ်အများစုပါတီဖြစ်ပြီး ချန်ကို အမည်စာရင်းတင်ခြင်းအတွက် ပါတီအပေါ် ဒေါသထွက်ခဲ့ကြပါတယ်။ ချန်ဟာ ထိုင်ဝမ် အာဏာရှင်စနစ်ဖြစ်ချိန်က KMT အစိုးရကို ဆန့်ကျင်တဲ့ ဒီမိုကရေစီထောက်ခံ ဆန္ဒပြပွဲတွေကို ဦးဆောင်ကူညီခဲ့သူဖြစ်ကာ ယင်းအတွက် ၁၉၈၀ ခုနှစ်မှာ သူထောင်ကျခဲ့ပါတယ်။
Ref : CNA
Crd : AkonThi

0 comments:

Post a Comment