Friday, July 17, 2020

ဗြိတိန်မှ ဆီးရီးယားသို့ ထွက်ခွာသွားခဲ့သူ အိုင်အက်စ်သတို့သမီး ရှမီနာ ပြန်လာနိုင်ဟု ဆို၊

အစွန်းရောက် အကြမ်းဖက် IS “ အိုင်အက်စ်သတို့သမီး “ အဖြစ် နာမည်ကျော်ခဲ့သူ ရွမီနာဘီဂမ္အား ဗြိတိန်နိုင်ငံသို့ ပြန်လာခွင့်ပြုမည်ဖြစ်ကြောင်း အင်္ဂလိပ်အကြီးတန်း တရားသူကြီးများက ဆုံးဖြတ်လိုက်သည်၊ ရှမီနာဘီဂမ်အနေဖြင့် လန်ဒန်သို့ ပြန်ရောက်လာခဲ့လျှင် ဗြိတိသျှနိုင်ငံသား ဖြစ်-မဖြစ်ပြဿနာနှင့် ကြုံတွေ့ရလိမ့်မည်ဟု Russia Today က ယမန်နေ့ ရေးသားသည်။
ရှမီနာဘီဂမ်သည် “ အစ္စလာမ်မစ်နိုင်ငံတော် ” ထူထောင်သူ IS အိုင်အက်စ်အကြမ်းဖက်တို့နှင့် ပူးပေါင်းရန် ၂၀၁၅-ခုနှစ်တွင် လန်ဒန်မှ ဆီးရီးယားသို့ ထွက်ခွာသွားခဲ့သော ကျောင်းသူ ၃-ဦးအနက် တစ်ဦးဖြစ်သည်။
အသက် ၁၅- အရွယ်တွင် ဗြိတိန်မှ ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး အိုင်အက်စ်တို့၏ အုပ်ချုပ်မှုအောက်တွင် ၃-နှစ် ကျော်ကြာ ကျင်လည်ခဲ့သည်။ လွန်ခဲ့သည့် ၂၀၁၉-ခုနှစ် ဖေဖော်ဝါရီလတွင် ဆီးရီးယားဒုက္ခသည်စခန်းတစ်ခု၌ ကိုယ်ဝန် အရင့်အမာကြီးနှင့် ရှမီနာကို ပြန်လည် တွေ့မြင်ကြရသည်ဆို၏။
ထိုနောက် ဗြိတိန်ပြည်ထဲရေးဝန်ကြီး ဆာဂျစ်ဂျာဗစ်က နိုင်ငံတော်အမျိုးသားလုံခြုံရေးအတွက်ဟုဆိုကာ ရှမီနာအား အင်္ဂလန်နိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် အင်္ဂလန်လူဝင်မှုကြီးကြပ်ရေး အယူခံကော်မရှင် (SIAC) ကလည်း ရှမီနာသည် (ဘင်္ဂါလီလူမျိုးဖြစ်၍) ဘင်္ဂလားဒေ့ရ်ှနိုင်ငံသားအဖြစ် အကျုံးဝင်လျှက်ရှိကြောင့် ဆီးရီးယားတွင်နေထိုင်နေစဉ် ရှမီနာမှာ နိုင်ငံမဲ့ဖြစ်ခြင်း မရှိကြောင်း ပြောကြားသည်။
အင်္ဂလန်အယူခံတရားရုံးကမူ ပြည်ထဲရေးဝန်ကြီး၏ ဆုံးဖြတ်ချက်အား ပယ်ချခဲ့သည်။ ဗြိတိန်နိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခံရခြင်း၏ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ရှမီနာမှာ "ညှဉ်းပန်းနှိပ်စက်ခံရမည့် အန္တရာယ်" ရှိနေကြောင်းထောက်ပြ၍ ဗြိတိန်နိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခြင်းမှာ ဥပဒေနှင့် မညီကြောင်း ဆုံးဖြတ်ခဲ့သည်။
နောက်ဆုံးအနေဖြင့် ရှမီနာသည် ဗြိတိန်နှင့် ဆီးရီးယားနိုင်ငံပြင်ပ၌ ရှိနေစဉ် တရားမျှတ- ထိရောက်စွာ အယူခံဝင်နိုင်မည် မဟုတ်ကြောင်း တရားသူကြီးများက စီရင်ချက် ချမှတ်သည်။
ဆီးရီးယားဒုက္ခသည်စခန်းတွင် Sky News နှင့် အင်တာဗျူးပြုလုပ်စဉ် ရှမီနာဘီဂမ်က ၎င်းသည် ( ဂျီဟဒ်ဝါဒီတို့၏ တိုက်ခိုက်ရေးတွင် ပါဝင်ခြင်းမရှိသော ) အိမ်ရှင်မ တစ်ဦးသာ ဖြစ်ကြောင်း၊ ၂၀၁၇-ခုနှစ် ဇန်နဝါရီလတွင် ခင်ပွန်းဖြစ်သူနှင့်အတူ ဆီးရီးယားနိုင်ငံ ရက်ကွာမြို့မှ ထွက်ခွာလာခဲ့ကြောင်း၊ ၁-နှစ်အရွယ် သမီးနှင့် ၃-လသား သားယောက်ျားလေးတို့ သေဆုံးခဲ့ရကြောင်း ပြောဆိုသည်။
ရှမီနာ၏ တတိယမြောက်ကလေးငယ်မှာ လွန်ခဲ့သည့်နှစ် မွေးဖွားပြီး မကြာမီ သေဆုံးခဲ့ပုံရသည်။
ရှမီနာဘီဂမ်က ဗြိတိန်ပြည်ထဲရေးဋ္ဌာနအား ဥပဒေကြောင်းအရ တရားစွဲဆိုခဲ့သည်။ ဗြိတိန်အစိုးရ၏ ဆောင်ရွက်ချက်သည် ၎င်းအား နိုင်ငံမဲ့အဖြစ်သို့ရောက်ရှိစေခြင်း၊ အသက်ဆုံးရှုံးရသည်အထိ အန္တရာယ်ဖြစ်စေခြင်း၊ လူသားမဆန်ခြင်းနှင့် တာဝန်မဲ့ရာရောက်ခြင်းတို့ကြောင့် တရားမဝင်ကြောင်း၊ ဗြိတိန်အစိုးရ၏ ဆုံးဖြတ်ချက်မှာ အလွန်စိတ်ပျက်စရာကောင်းကြောင်း၊ မူလတရားစီရင်ချက်ကို လန်ဒန်မှနေ၍ ဆက်လက် အယူခံဝင်မည် ဖြစ်ကြောင်း ရှမီနာဘီဂင်က ပြောကြားသည်။
crd-Oung Marine #Myanmar_Online_News
>>Zawgyi<<
ဗြိတိန်မှ ဆီးရီးယားသို့ ထွက်ခွာသွားခဲ့သူ အိုင်အက်စ်သတို့သမီး ရှမီနာ ပြန်လာနိုင်ဟု ဆို၊ အမျိုးသားလုံခြုံရေးအတွက် ဗြိတိန်နိုင်ငံသူ ဖြစ်နေခြင်းမှ ပယ်ဖျက်ခံရ
Friday, July 17, 2020
အစွန်းရောက် အကြမ်းဖက် IS “ အိုင်အက်စ်သတို့သမီး “ အဖြစ် နာမည်ကျော်ခဲ့သူ ရွမီနာဘီဂမ်အား ဗြိတိန်နိုင်ငံသို့ ပြန်လာခွင့်ပြုမည်ဖြစ်ကြောင်း အင်္ဂလိပ်အကြီးတန်း တရားသူကြီးများက ဆုံးဖြတ်လိုက်သည်၊ ရှမီနာဘီဂမ်အနေဖြင့် လန်ဒန်သို့ ပြန်ရောက်လာခဲ့လျှင် ဗြိတိသျှနိုင်ငံသား ဖြစ်-မဖြစ်ပြဿနာနှင့် ကြုံတွေ့ရလိမ့်မည်ဟု Russia Today က ယမန်နေ့ ရေးသားသည်။
ရှမီနာဘီဂမ်သည် “ အစ္စလာမ်မစ်နိုင်ငံတော် ” ထူထောင်သူ IS အိုင်အက်စ်အကြမ်းဖက်တို့နှင့် ပူးပေါင်းရန် ၂၀၁၅-ခုနှစ်တွင် လန်ဒန်မှ ဆီးရီးယားသို့ ထွက်ခွာသွားခဲ့သော ကျောင်းသူ ၃-ဦးအနက် တစ်ဦးဖြစ်သည်။
အသက် ၁၅- အရွယ်တွင် ဗြိတိန်မှ ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး အိုင်အက်စ်တို့၏ အုပ်ချုပ်မှုအောက်တွင် ၃-နှစ် ကျော်ကြာ ကျင်လည်ခဲ့သည်။ လွန်ခဲ့သည့် ၂၀၁၉-ခုနှစ် ဖေဖော်ဝါရီလတွင် ဆီးရီးယားဒုက္ခသည်စခန်းတစ်ခု၌ ကိုယ်ဝန် အရင့်အမာကြီးနှင့် ရှမီနာကို ပြန်လည် တွေ့မြင်ကြရသည်ဆို၏။
ထိုနောက် ဗြိတိန်ပြည်ထဲရေးဝန်ကြီး ဆာဂျစ်ဂျာဗစ်က နိုင်ငံတော်အမျိုးသားလုံခြုံရေးအတွက်ဟုဆိုကာ ရှမီနာအား အင်္ဂလန်နိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် အင်္ဂလန်လူဝင်မှုကြီးကြပ်ရေး အယူခံကော်မရှင် (SIAC) ကလည်း ရှမီနာသည် (ဘင်္ဂါလီလူမျိုးဖြစ်၍) ဘင်္ဂလားဒေ့ရ်ှနိုင်ငံသားအဖြစ် အကျုံးဝင်လျှက်ရှိကြောင့် ဆီးရီးယားတွင်နေထိုင်နေစဉ် ရှမီနာမှာ နိုင်ငံမဲ့ဖြစ်ခြင်း မရှိကြောင်း ပြောကြားသည်။
အင်္ဂလန်အယူခံတရားရုံးကမူ ပြည်ထဲရေးဝန်ကြီး၏ ဆုံးဖြတ်ချက်အား ပယ်ချခဲ့သည်။ ဗြိတိန်နိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခံရခြင်း၏ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ရှမီနာမှာ "ညှဉ်းပန်းနှိပ်စက်ခံရမည့် အန္တရာယ်" ရှိနေကြောင်းထောက်ပြ၍ ဗြိတိန်နိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခြင်းမှာ ဥပဒေနှင့် မညီကြောင်း ဆုံးဖြတ်ခဲ့သည်။
နောက်ဆုံးအနေဖြင့် ရှမီနာသည် ဗြိတိန်နှင့် ဆီးရီးယားနိုင်ငံပြင်ပ၌ ရှိနေစဉ် တရားမျှတ- ထိရောက်စွာ အယူခံဝင်နိုင်မည် မဟုတ်ကြောင်း တရားသူကြီးများက စီရင်ချက် ချမှတ်သည်။
ဆီးရီးယားဒုက္ခသည်စခန်းတွင် Sky News နှင့် အင်တာဗျူးပြုလုပ်စဉ် ရှမီနာဘီဂမ်က ၎င်းသည် ( ဂျီဟဒ်ဝါဒီတို့၏ တိုက်ခိုက်ရေးတွင် ပါဝင်ခြင်းမရှိသော ) အိမ်ရှင်မ တစ်ဦးသာ ဖြစ်ကြောင်း၊ ၂၀၁၇-ခုနှစ် ဇန်နဝါရီလတွင် ခင်ပွန်းဖြစ်သူနှင့်အတူ ဆီးရီးယားနိုင်ငံ ရက်ကွာမြို့မှ ထွက်ခွာလာခဲ့ကြောင်း၊ ၁-နှစ်အရွယ် သမီးနှင့် ၃-လသား သားယောက်ျားလေးတို့ သေဆုံးခဲ့ရကြောင်း ပြောဆိုသည်။
ရှမီနာ၏ တတိယမြောက်ကလေးငယ်မှာ လွန်ခဲ့သည့်နှစ် မွေးဖွားပြီး မကြာမီ သေဆုံးခဲ့ပုံရသည်။
ရှမီနာဘီဂမ်က ဗြိတိန်ပြည်ထဲရေးဋ္ဌာနအား ဥပဒေကြောင်းအရ တရားစွဲဆိုခဲ့သည်။ ဗြိတိန်အစိုးရ၏ ဆောင်ရွက်ချက်သည် ၎င်းအား နိုင်ငံမဲ့အဖြစ်သို့ရောက်ရှိစေခြင်း၊ အသက်ဆုံးရှုံးရသည်အထိ အန္တရာယ်ဖြစ်စေခြင်း၊ လူသားမဆန်ခြင်းနှင့် တာဝန်မဲ့ရာရောက်ခြင်းတို့ကြောင့် တရားမဝင်ကြောင်း၊ ဗြိတိန်အစိုးရ၏ ဆုံးဖြတ်ချက်မှာ အလွန်စိတ်ပျက်စရာကောင်းကြောင်း၊ မူလတရားစီရင်ချက်ကို လန်ဒန်မှနေ၍ ဆက်လက် အယူခံဝင်မည် ဖြစ်ကြောင်း ရှမီနာဘီဂင်က ပြောကြားသည်။
crd-Oung Marine #Myanmar_Online_News

0 comments:

Post a Comment