Tuesday, July 7, 2020

လူနာအမှတ် ၂၃၂ ဆေးရုံဆင်းခွင့်ရခဲ့ပြီး ချင်းပြည်နယ်တွင် အတည်ပြုလူနာမရှိတော့ပါ

အတည်ပြုလူနာ အမှတ် ၂၃၂ ပိုးကင်းစင်သွားတာကြောင့် ဇူလိုင် ၆ ရက်နေ့ မနေ့က ဟားခါးပြည်သူ့ဆေးရုံကနေ ဆင်းခွင့်ပေးလိုက်ပြီဖြစ်ပြီး ပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လူနာမရှိတော့ဘူးလို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်းလွန်မင်ထန်က ပြောပါတယ်။
အတည်ပြုလူနာ ၁ဝ ယောက်စလုံး ပိုးကင်းစင်လို့ အိမ်ပြန်သွားကြပါပြီ။
နယ်စပ်ဂိတ်တွေ ပိတ်ထားတာကြောင့် အိန္ဒိယဘက်ကိုရောက်နေတဲ့ ချင်းတိုင်းရင်းသားတွေ နေရပ်ပြန်လာလို့ မရသေးပါဘူး။ သူတို့ပြန်လာရင်လည်း ကနဦးရက်တွေမှာ သတ်မှတ်ကာလအတိုင်း အသွားအလာ ကန့်သတ်ထားဖို့ကလည်း နေရာအခက်ခဲရှိနေပါတယ်။
ချင်းပြည်နယ်ထဲမှာ ရိခေါ်ဒါရ်နဲ့ ကျီးခါး တရာဝင်း နယ်စပ်ဂိတ် နှစ်ခုလုပ်ထားပြီး အိန္ဒိယကနေ နေရပ်ပြန်လာချင်သူတွေဟာ သူတို့ရဲ့ မှတ်ပုံတင်နံပါတ်နဲ့ အမည်စာရင်းတွေပေးသွင်းရမှာ ဖြစ်တယ်လို့ ဦးပေါင်လွန်းမင့်ထန်က ပြောပါတယ်။
>>Zawgyi<<

0 comments:

Post a Comment