Sunday, July 19, 2020

ဘားအံမြို့နယ်တွင် လက်နက်ကိုင်တစ်ဦးမှ ပြည်သူတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်

ကရင်ပြည်နယ် ဘားအံမြို့နယ် လျာကမြင်ကျေးရွာအုပ်စု မဲဘောင်ကျေးရွာ ဘားအံ+လိူင်းဘွဲ လမ်းမကြီးဘေးရှိ ဆန်ရောင်းဝယ်ရေး လုပ်ကိုင်နေသူ(ဒေါ်******)အား ယနေ့ညနေ ၃း၄၅ မိနစ် အချိန်တွင် အမည်မသိ လက်နက်ကိုင် တစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ မစိုးရိမ်ရ ဒဏ်ရာတစ်ချက်ဖြင့် ဘားအံမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေကြောင်း သိရှိရသည်။
အခင်းဖြစ်နေရာသို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးကြီးနှင့် ဒုပြည်နယ်ရဲတပ်ဖွဲ့မှူးတို့မှသွား ရောက်စစ်ဆေးလျှက်ရှိရာ သေနတ်ဖြင့် ပစ်ခတ်သွားသော အမည်မသိ လက်နက်ကိုင်ပစ်ခတ်သူအား အချိန်နှင့်တပြေးညီ ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း ကနဦး သိရှိရသည်။
crd-ရဲဒင်း ဘားအံ #Myanmar_Online_News
>>Zawgyi<<
ဘားအံမြို့နယ်တွင် လက်နက်ကိုင်တစ်ဦးမှ ပြည်သူတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်
Sunday, July 19, 2020
ကရင်ပြည်နယ် ဘားအံမြို့နယ် လျာကမြင်ကျေးရွာအုပ်စု မဲဘောင်ကျေးရွာ ဘားအံ+လိူင်းဘွဲ လမ်းမကြီးဘေးရှိ ဆန်ရောင်းဝယ်ရေး လုပ်ကိုင်နေသူ(ဒေါ်******)အား ယနေ့ညနေ ၃း၄၅ မိနစ် အချိန်တွင် အမည်မသိ လက်နက်ကိုင် တစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ မစိုးရိမ်ရ ဒဏ်ရာတစ်ချက်ဖြင့် ဘားအံမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေကြောင်း သိရှိရသည်။
အခင်းဖြစ်နေရာသို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးကြီးနှင့် ဒုပြည်နယ်ရဲတပ်ဖွဲ့မှူးတို့မှသွားရောက်စစ်ဆေးလျှက်ရှိရာ သေနတ်ဖြင့် ပစ်ခတ်သွားသော အမည်မသိ လက်နက်ကိုင်ပစ်ခတ်သူအား အချိန်နှင့်တပြေးညီ ဖမ်းဆီးနိုင်ရေး အတွက် ဆောင်ရွက်လျှက်ရှိကြောင်း ကနဦး သိရှိရသည်။
crd-ရဲဒင်း ဘားအံ #Myanmar_Online_News

0 comments:

Post a Comment