Monday, July 13, 2020

ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်၍ မြစ်ကမ်းဘေး၌ နေထိုင်သူများ သတိပြုရန် အသိပေးနိုးဆော်

၁၃-၇-၂၀၂၀ ရက်နေ့၊ ၁၂ ၃၀ အချိန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်များအရ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၏ ဧရာဝတီမြစ်ရေအမှတ်သည် ၁၀၆၂ cm စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ပါသဖြင့် ဗန်းမော်မြို့နယ်၊ စင်းခန်းကျေးရွာ၊ ဆူးပုတ်ကုန်းကျေးရွာ၊ စာဝတီးကျေးရွာအတွင်း မြစ်ကမ်းဘေး၌ နေထိုင်သူများ သတိပြုနေထိုင် ကြပါရန် ကြိုတင်အသိပေးနိုးဆော်ခြင်းအား အမှတ်(၃၁၉)တပ်ရင်းမှ ဗိုလ်ကြီး ဦးဆောင်၍ အရာရှိ/စစ်သည်များ၊ စင်းခန်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ စင်းခန်းနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆော်ဩခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
>>Zawgyi<<

0 comments:

Post a Comment