Tuesday, July 14, 2020

၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ၁၀ လတာအတွင်း မြန်မာ့ ပြည်ပကုန်သွယ်ရေး ဒေါ်လာ နှစ်ဘီလျံနီးပါး လိုငွေပြနေ

၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ၁၀ လတာအတွင်း မြန်မာနဲ့ ပြည်ပနိုင်ငံတွေကြား စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၈.၃ ဘီလျံကျော်ရှိခဲ့တယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့က ထုတ်ပြန်ပါတယ်။
၂၀၁၉ အောက်တိုဘာ ၁ ရက်နေ့ကနေ ၂၀၂၀ ဇူလိုင် ၃ ရက်နေ့အထိ ဒေါ်လာ ၁၃. ၂ ဘီလျံကျော်ရရှိခဲ့ပြီး၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၅ ဘီလျံကျော် ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
လက်ရှိ ကုန်သွယ်ရေးလိုငွေက ဒေါ်လာ ၁.၈ ဘီလျံ ကျော် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍရေးနှစ် လိုငွေက ဒေါ်လာ ၈၉၀.၆ သန်းပဲ ရှိခဲ့တာပါ။
ဒီအတွင်း လက်ရှိ ဘဏ္ဍာရေးနှစ် စုစုပေါင်း ပြည်ပကုန်သွယ်မှုတန်ဖိုးက ဒေါ်လာ ၁.၆ ဘီလျံကျော်ရှိပါတ ယ်။ မနှစ်က ဒီအချိန်မှာ ဒေါ်လာ ၂၆.၇ ဘီလျံ ရခဲ့တာပါ။
မြန်မာ့ ပြည်ပပို့ကုန်တွေက စိုက်ပျိုးရေး၊ တိရစ္ဆာန်နဲ့ရေလုပ်ငန်း၊ ဓါတ်သတ္တု၊ သစ်တော စတဲ့ ကဏ္ဍတွေ က ထွက်ကုန်တွေ ဖြစ်ပြီး၊ မြန်မာ့ ပြည်ပကုန်သွယ်ရေး ၈၀ရာနှုန်းဟာ ရေလမ်းကြောင်းကသွားတာဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးအနေနဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယ တို့နဲ့ ဆောင်ရွက်နေပါတယ်။
Crd : RFA

0 comments:

Post a Comment