Sunday, July 26, 2020

အင်ဒိုနီးရှားရေတပ် တောင်တရုတ်ပင်လယ်ထဲမှာ စစ်ရေးလေ့ကျင့်မှုပြုလုပ်

- အင်ဒိုနီးရှာရေတပ်အနေနဲ့ တောင်တရုတ်ပင်လယ်ထဲမှာ ၄ ရက်ကြာ ရေကြောင်းစစ်ရေးလေ့ကျင့်ခန်းတစ်ရပ်ကို ဆောင်ရွက်ခဲ့ပါတယ်။
- ဂျာဗားပင်လယ်နဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်းမှာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။
- အဲ့ဒီလေ့ကျင့်ခန်းနေရာဟာ မကြာသေးခင်ကာလတုန်းက တရုတ်နဲ့ အမေရိကန်တို့ ရေကြောင်းတင်းမာမှုဖြစ်ပေါ်ခဲ့တဲ့ နေရာအနားမှာလည်းဖြစ်တယ်လို့ သိရပါတယ်။
- ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တုန်းက စတင်ခဲ့တာဖြစ်ပြီး အင်ဒိုနီးရှားရေတပ်က ဒုံးပျံတင်ဖျက်သင်္ဘောကြီး ၂ စီးနဲ့အတူ၊ အစောင့်လိုက်ရေယာဉ် ၄ စီး၊ စစ်သင်္ဘောစုစုပေါင်း ၂၄ စီး ပါဝင်ခဲ့ကြပါတယ်။
- ရေကြောင်းလေ့ကျင့်ခန်းမှာ ကမ်းတက်စစ်ဆင်ရေး Amphibious Warfare ကိုလည်း ဆောင်ရွက်ခဲ့ကြပါတယ်။
- လေ့ကျင့်ခန်းအစပိုင်းအား အင်ဒိုနီးရှားနိုင်ငံ နာတူနာကျွန်းများအနီးမှ စတင်ခဲ့ခြင်းဖြစ်သည်။
- အဆိုပါ နာတူနာကျွန်းများဧရိယာသည် သီးသန့်စီးပွားရေးဇုန်နှင့်ထပ်နေပြီး (Overlap) တရုတ်တို့စောဒကတက်ထားသည့် Nine – Dash Line အတွင်း ရောက်ရှိနေတယ်လို့လည်း သိရပါတယ်။
- လေ့ကျင့်ခန်းကို ဇူလိုင်လ ၂၁ ရက်ကနေ ၂၄ ရက်ထိ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ကမ်းတက်စစ်ဆင်ရေးလေ့ကျင့်ခန်းကို အင်ဒိုနီးရှားရေပြင်ပိုင်နက်ထဲက စင်ကက် (Singkep) ကျွန်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
- ကမ်းတက်စစ်ဆင်ရေးတင့်ကားတွေ၊ အမြောက်ကြီးတွေ၊ ဒုံးပျံစနစ်တွေ၊ ဝေဟင်ပျံသန်းရေးရဟတ်ယာဉ်တွေ စုပေါင်းပြီးတော့ ရေကြောင်းလေ့ကျင့်ခန်းတွေ ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။
- လေ့ကျင့်ခန်းအဓိကဆောင်ရွက်မှုအနေနဲ့ကတော့ Amphibious Warfare အတွက်ဖြစ်ပြီး တပ်ဖွဲ့ဝင်စုစုပေါင်း ၂၀၀၀ ဦး ပါဝင်ခဲ့ကြပါတယ်။
- အင်ဒိုနီးရှားရေပြင်ပိုင်နက်ထဲမှာရှိတဲ့ကျွန်းတွေနဲ့တကွ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေးကိုလည်း ရည်ရွယ်ပါတယ်။
- တောင်တရုတ်ပင်လယ်နဲ့ပတ်သက်ပြီး တရုတ်နဲ့ အာဆီယံနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း၊ ဗီယက်နမ်တို့ဟာ အငြင်းပွားမှုတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။
Source : navalnews.net
Crd : ပင်လယ်ရေကြောင်း #Myanmar_Online_News

0 comments:

Post a Comment