Wednesday, July 15, 2020

ချင်းတွင်းမြစ်ရေ တက်လာသောကြောင့် မြစ်ဘေးတလျှောက် ဒေသခံများအနေနှင့် ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ထားရန်တိုက်တွန်း

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ခန္တီးမြို့ ခန္တီးမြို့ချင်းတွင်းမြစ်ရေသည် ၇ ၃၀ နာရီချိန် တိုင်းထွာချက်အရ ၁၂၉၄ (+၀) စင်တီမီတာ တည်ရှိနေပြီဖြစ်ပါတယ်။
ခန္တီးမြို့ရဲ့အခြေနေကတော့ ခန္တီးမြို့မစျေး အနောက်ဘက်ရပ်ကွက် အနှိမ့်ပိုင်းတွေမှာ ရေဝင်ရောက်မှုတွေရှိလာပြီလူနေအိမ်အချို့လဲ ကုန်မြင့်ရာသို့ရွေ့ပြောင်းနေကျပါတယ်။
တနိုင်းချောင်းရေ ကြီးလာမှု့နဲ့ အတူ ခန္တီးမြစ်ရေဟာလဲ စိုးရိမ်ရေမှတ်ရောက်ဖို့ ၂ပေသာသာလိုတော့တာ ကြောင့် အောက်ပိုင်းဒေသတွေနဲ့ ချင်းတွင်းမြစ်ဝန်း တစ်လျှောက် ဒေသခံတွေအနေနဲ့ ရေလွတ်ရာသို့ ရွှေပြောင်းထားကျဖို့ တိုက်တွန်းအပ်ပါသည်။
ဒီသတင်းကို ခန္တီးမြို့ Ko Aung Myo ပေးပို့ထားပါတယ်။
ခန္တီးဒေသ သတင်းစုံ

0 comments:

Post a Comment