Tuesday, July 14, 2020

ရွှေပြည်သာရှိ ဗိုလ်ချုပ်ရုပ်ပုံနှင့်မတူဟု ဝေဖန်ခံနေရသည့် ရုပ်တုထားရှိရန် မြေနေရာမရှိသဖြင့် တိုင်းအစိုးရထံသို့ တင်ပြတောင်ခံထားကြောင်း လွှတ်တော်အမတ်ပြောကြား

ရွှေပြည်သာမြို့နယ်ရှိ ဗိုလ်ချုပ်နှင့်မတူဟုဝေဖန်ခံနေရသည့် ရုပ်တုထားရှိရန်မြေနေရာအတည်တကျမရှိသေးသဖြင့် တိုင်းဒေသကြီးအစိုးရထံ မြေနေရာတင်ပြထားသည်ဟု ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းကပြောသည်။
ရွှေပြည်သာမြို့နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုထားရှိရန် မြေနေရာအတည်တကျမရှိသေးသဖြင့် လက်ရှိတွင် ရွှေပြည်သာမြို့တော်ခန်းမတွင်သာ ယာယီသဘော ထားရှိနေရသည်ဟုဆိုသည်။
“ဗိုလ်ချုပ်ကြေးရုပ် ကမြေနေရာမရသေးဘူး၊လောလောဆယ် မြို့တော်ခန်းမမှာပဲ ထားထားတယ်။မြေကွက်ရရှိဖို့ တိုင်းဒေသကြီးအစိုးရကိုလျှောက်ထားးတယ် ၊ တိုင်းဒေသကြီးအစိုးရကမြေနေရာခွင့်ပြုမှ ဖွင့်ပွဲလုပ်လို့ရမှာ ၊ လျှောက်ထားတာက ဗိုလ်ချုပ်လမ်းနားက ပန်းဥယျဉ်နဲ့
အားကစားကွင်းဌာနနားက မြက်ခင်းမှာလျှောက်ထားတယ်”ဟုပြောသည်။
အဆိုပါရုပ်တုကို ဗိုလ်ချုပ်နှင့်မတူဟုဝေဖန်ခံနေရခြင်းနှင့်ပတ်သက်ပြီး “ကျွန်တော်ကိုအင်တာဗျူးတဲ့မီဒီယာတစ်ခုရှိတယ်၊ ဗိုလ်ချုပ်ရုပ်ထုတောင် ရွှေပြည်သာမ ရောက်သေးဘူး ၊ ကျွန်တော်တောင်မမြင်ရသေးဘူး ၊ ဗိုလ်ချုပ်နဲ့မတူဘူးဘာဖြစ်တယ်ညာညာဖြစ်တယ်နဲ့ပြောတော့ ကျွန်တော်ကလည်း အဲဒီအချိန်ကလည်း အလုပ်ကများနေတော့ ဟုတ်တယ် ဗိုလ်ချုပ်ရုပ်တုလည်းမရောက်သေးဘူး ၊ ဗိုလ်ချုပ်အောင်ဆန်းလည်း ကျွန်တော်မမြင်ဖူးဘူးလို့ပြောလိုက်တာ ၊ ကျွန်တော်အဲဒါ ဖေစ်ဘုတ်အတင်ခံရတယ်”ဟုပြောသည်။
Crd : The Fifth Wave

0 comments:

Post a Comment