Thursday, July 16, 2020

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် အာဇာနည်နေ့အတွက်ပြင်ဆင်ရင်း မူးလဲမှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ အာဇာနည်နေ့အခမ်းအနားအတွက် ပြင်ဆင်ရင်းမူးလဲသွားတာကြောင့် အိမ်မှာနားနေရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အသိုင်းအဝိုင်းကနေ သိရပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကို ဆက်သွယ်မေးမြန်းတဲ့အခါ အစည်းအဝေးတက်ဖို့လုပ်နေတာကြောင့်မအားသေးဘူးလို့ သူ့ရဲ့ဖုန်းကို လက်ခံဖြေကြားသူက O Media ကို ပြောပါတယ်။
ဝန်ကြီးချုပ်ဟာ အခုအချိန်မှာတော့ ကျန်းမာရေးပြန်ကောင်းလာပြီလို့ သိရပါတယ်။
ဒီနေ့ ဇူလိုင်လ(၁၆)ရက်နေ့ မနက်ပိုင်းက အာဇာနည်ဗိမာန်မှာ အာဇာနည်နေ့အခမ်းအနားကျင်းပနိုင်ဖို့ ပြင်ဆင်ထားမှု၊ ကြိုတင်လေကျင့်မှုတွေနဲ့ လုံခြုံရေးကိစ္စအခြေအနေတွေကို ဒုတိယသမ္မတဦးမြင့်ဆွေနဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတို့ ကြည့်ရှု့စစ်ဆေးခဲ့တာဖြစ်ပါတယ်။
crd-O Media #Myanmar_Online_News
>>Zawgyi<<
ရန်ကုန်ဝန်ကြီးချုပ် အာဇာနည်နေ့အတွက်ပြင်ဆင်ရင်းမူးလဲမှု ဖြစ်ပွား
Thursday, July 16, 2020
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ အာဇာနည်နေ့အခမ်းအနားအတွက် ပြင်ဆင်ရင်းမူးလဲသွားတာကြောင့် အိမ်မှာနားနေရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အသိုင်းအဝိုင်းကနေ သိရပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကို ဆက်သွယ်မေးမြန်းတဲ့အခါ အစည်းအဝေးတက်ဖို့လုပ်နေတာကြောင့်မအားသေးဘူးလို့ သူ့ရဲ့ဖုန်းကို လက်ခံဖြေကြားသူက O Media ကို ပြောပါတယ်။
ဝန်ကြီးချုပ်ဟာ အခုအချိန်မှာတော့ ကျန်းမာရေးပြန်ကောင်းလာပြီလို့ သိရပါတယ်။
ဒီနေ့ ဇူလိုင်လ(၁၆)ရက်နေ့ မနက်ပိုင်းက အာဇာနည်ဗိမာန်မှာ အာဇာနည်နေ့အခမ်းအနားကျင်းပနိုင်ဖို့ ပြင်ဆင်ထားမှု၊ ကြိုတင်လေကျင့်မှုတွေနဲ့ လုံခြုံရေးကိစ္စအခြေအနေတွေကို ဒုတိယသမ္မတဦးမြင့်ဆွေနဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတို့ ကြည့်ရှု့စစ်ဆေးခဲ့တာဖြစ်ပါတယ်။

0 comments:

Post a Comment