Monday, July 6, 2020

ဂဠုန်ဦးစောနေရာသရုပ်ဆောင်မှုအတွက် ဝေဖန်မှုများကို မမှုဟု ကိုဥက္ကာကျော် ပြော

"အောင်ဆန်း"ရုပ်ရှင်မှာ ဂဠုန်ဦးစောနေရာက သရုပ်ဆောင်သွားရမှာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိလာရင်လည်း မမှုတော့ဘူးလို့ ရွေးချယ်ခံရတဲ့ ကိုဥက္ကာကျော်က ပြောပါတယ်။ ဂဠုန်ဦးစောနေရာမှာ သရုပ်ဆောင်ဖို့ ရွေးချယ်ခံရတာနဲ့ပတ်သက်ပြီး ဒီနေ့ ဇူလိုင် (၆) ရက်က နေအိမ်မှာပြုလုပ်တဲ့ မီဒီယာတွေ့ဆုံမှု ကိုဥက္ကာကျော်က ပြောကြာားလိုက်တာပါ။
အခုလို သရုပ်ဆောင်တဲ့နေရာမှာ သူ့အနေနဲ့ သရုပ်ဆောင်တစ်ဦးမဟုတ် ပေမယ့် အတတ်နိုင်ဆုံးကြိုးစားသွားမှာ ဖြစ်ပြီး အသံ၊ မျက်နှာအမှုအရာတင် မကဘဲ အဝတ်အစားကအစ အထူးသတိထားပြီး လုပ်ဆောင်သွားမယ် လို့လည်း ကိုဥက္ကာကျော်က ပြောပါတယ်။
ကိုဥက္ကာကျော်ဟာ သရုပ်ဆောင်ဆုပန်ထွာရဲ့ ခင်ပွန်းဖြစ်ပြီး မူလက ဂဠုန်ဦးစောနေရာမှာ သရုပ်ဆောင်ဖို့ လျာထားတဲ့ ဂဠုန်ဦးစောရဲ့ မြစ်ဖြစ်သူ သရုပ်မဆောင်ဖြစ်တော့တာကြောင့် ထပ်မံပြီးရွေးချယ်ရာမှာ အခုလို ရွေးချယ်ခံရတာ ဖြစ်ပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment