Monday, July 13, 2020

(၆)ကြိမ်မြောက်ထီဖွင့်ပွဲမှ သိန်း ၁၀၀၀ ဆုအပါအဝင် ဆုမဲ ၂၀၀၀၀ ခန့် ထုတ်ယူခြင်းမရှိသေး၊ ထီထိုးသူများ ထီတိုက်ရန် လိုအပ်

ယမန်နှစ် ဇူလိုင် ၁ ရက်က ပြုလုပ်ခဲ့သည့် (၆)ကြိမ် မြောက်ထီဖွင့်ပွဲမှ ကျပ်သိန်းတစ် ထောင်ဆုအပါအဝင် ဆုမဲနှစ် သောင်းခန့်အားထုတ်ယူခြင်းမရှိသေးကြောင်း အောင်ဘာလေ သိန်းဆုဌာနက ကြေညာသည်။
အဆိုပါထီဖွင့်ပွဲ၌ ဆုမဲနှစ် သိန်းကျော် ချီးမြှင့်ခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်အထိ ဆုမဲနှစ် သောင်းခန့်ထုတ်ယူရန် ကျန်နေ ခြင်းဖြစ်သည်။ လာရောက်ထုတ်ယူခြင်းမရှိ သည့် ဆုမဲများတွင် ဆုကြီးအဖြစ် ကျပ်သိန်းတစ်ထောင် တစ်ဆု၊ ကျပ်သိန်းငါးရာတစ်ဆု၊ ကျပ် သိန်းနှစ်ရာနှစ်ဆု၊ ကျပ်သိန်းတစ် ရာလေးဆုတို့ ပါဝင်သည်။
ထို့အပြင် ကျပ်သိန်းငါးဆယ် ကိုးဆု၊ ကျပ်သိန်းနှစ်ဆယ်ငါးဆု၊ ကျပ်ဆယ်သိန်း ၁၂ ဆု၊ ကျပ်ငါး သိန်း ၁၃ ဆု၊ ကျပ်သုံးသိန်း ၃၁ ဆု၊ ကျပ်နှစ်သိန်း ၃၅၂ ဆု၊ ကျပ် တစ်သိန်း ၂,၈၅၈ ဆု၊ ကျပ်ငါး သောင်း ၁၆,၀၅၂ ဆုတို့ကိုလည်း ထုတ်ယူခြင်း မရှိသေးကြောင်း ဖော်ပြထားသည်။
‘‘များသောအားဖြင့် ထီ လက်မှတ်ပျောက်တာ၊ ကိုယ်တိုင် ထီမတိုက်ဘဲ ထီသည်ကအကြောင်းမကြားလို့ မပေါက်ဘူး ထင်ပြီး ပစ်ထားကြတာတွေ ကြောင့် ဆုမထုတ်ဖြစ်တာမျိုး တွေ့ရတယ်’’ဟု အောင်ဘာလေ သိန်းဆုဌာနခွဲမှ တာဝန်ရှိသူတစ် ဦးကပြောသည်။
ထို့ကြောင့် ၂၀၁၉ ဇွန်လ တွင် ထီထိုးထားသူများ ထီပေါက်စဉ်ဖြင့် ပြန်တိုက်စစ်ရန် အောင် ဘာလေသိန်းဆုဌာနက တိုက် တွန်းထားသည်။ အဆိုပါ ပေါက်မဲထီဆုများ အား ဇူလိုင် ၃၁ ရက်နောက်ဆုံး ထားထုတ်ယူရန်နှင့် သတ်မှတ်အ ချိန်အထိ ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွား မည်ဟု ကြေညာထားသည်။
crd-7dayNews #Myanmar_Online_News
>>Zawgyi<<
(၆)ကြိမ်မြောက်ထီဖွင့်ပွဲမှ သိန်း ၁၀၀၀ ဆုအပါအဝင် ဆုမဲ ၂၀၀၀၀ ခန့် ထုတ်ယူခြင်းမရှိသေး၊
ထီထိုးသူများ ထီတိုက်ရန် လိုအပ်
Monday, July 13, 2020
ယမန်နှစ် ဇူလိုင် ၁ ရက်က ပြုလုပ်ခဲ့သည့် (၆)ကြိမ် မြောက်ထီဖွင့်ပွဲမှ ကျပ်သိန်းတစ် ထောင်ဆုအပါအဝင် ဆုမဲနှစ် သောင်းခန့်အားထုတ်ယူခြင်းမရှိ သေးကြောင်း အောင်ဘာလေ သိန်းဆုဌာနက ကြေညာသည်။
အဆိုပါထီဖွင့်ပွဲ၌ ဆုမဲနှစ် သိန်းကျော် ချီးမြှင့်ခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်အထိ ဆုမဲနှစ် သောင်းခန့်ထုတ်ယူရန် ကျန်နေ ခြင်းဖြစ်သည်။ လာရောက်ထုတ်ယူခြင်းမရှိ သည့် ဆုမဲများတွင် ဆုကြီးအဖြစ် ကျပ်သိန်းတစ်ထောင် တစ်ဆု၊ ကျပ်သိန်းငါးရာတစ်ဆု၊ ကျပ် သိန်းနှစ်ရာနှစ်ဆု၊ ကျပ်သိန်းတစ် ရာလေးဆုတို့ ပါဝင်သည်။
ထို့အပြင် ကျပ်သိန်းငါးဆယ် ကိုးဆု၊ ကျပ်သိန်းနှစ်ဆယ်ငါးဆု၊ ကျပ်ဆယ်သိန်း ၁၂ ဆု၊ ကျပ်ငါး သိန်း ၁၃ ဆု၊ ကျပ်သုံးသိန်း ၃၁ ဆု၊ ကျပ်နှစ်သိန်း ၃၅၂ ဆု၊ ကျပ် တစ်သိန်း ၂,၈၅၈ ဆု၊ ကျပ်ငါး သောင်း ၁၆,၀၅၂ ဆုတို့ကိုလည်း ထုတ်ယူခြင်း မရှိသေးကြောင်း ဖော်ပြထားသည်။
‘‘များသောအားဖြင့် ထီ လက်မှတ်ပျောက်တာ၊ ကိုယ်တိုင် ထီမတိုက်ဘဲ ထီသည်ကအကြောင်းမကြားလို့ မပေါက်ဘူး ထင်ပြီး ပစ်ထားကြတာတွေ ကြောင့် ဆုမထုတ်ဖြစ်တာမျိုး တွေ့ရတယ်’’ဟု အောင်ဘာလေ သိန်းဆုဌာနခွဲမှ တာဝန်ရှိသူတစ် ဦးကပြောသည်။
ထို့ကြောင့် ၂၀၁၉ ဇွန်လ တွင် ထီထိုးထားသူများ ထီပေါက်စဉ်ဖြင့် ပြန်တိုက်စစ်ရန် အောင် ဘာလေသိန်းဆုဌာနက တိုက် တွန်းထားသည်။ အဆိုပါ ပေါက်မဲထီဆုများ အား ဇူလိုင် ၃၁ ရက်နောက်ဆုံး ထားထုတ်ယူရန်နှင့် သတ်မှတ်အ ချိန်အထိ ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွား မည်ဟု ကြေညာထားသည်။
crd-7dayNews #Myanmar_Online_News

0 comments:

Post a Comment