Saturday, July 18, 2020

အာဇာနည်နေ့တွင် နိုင်ငံတော်အလံအား တိုင်တစ်ဝက်လွှင့်ထူခြင်းအကြောင်း

အာဇာနည်နေ့အခမ်းအနားအပါအဝင် ဝမ်းနည်းခြင်း အထိမ်းမှတ်နေ့ရက်များတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အစိုးရဌာနဆိုင်ရာရုံးများတွင်တိုင်တစ်ဝက်လွှင့်ထူကြပြီး လမ်းအလိုက်၊ ရပ်ကွက်အလိုက်နှင့် မိမိအိမ်များတွင်လည်း အလျဉ်းသင့်သလိုတိုင်တစ်ဝက်လွှင့်ထူကြလေသည်။
ထိုသို့လွှင့်ထူရာတွင် တိုင်တစ်ဝက်ရောက်အောင်အလံကို အမှုမဲ့အမှတ်မဲ့ဆွဲတင်လေ့ရှိကြပါသည်။ စနစ်တကျလွှင့်ထူမည်ဆိုပါက မည်သို့လွှင့်ထူရမည်နည်း?
စနစ်တကျလွှင့်ထူသူနှင့် သိရှိသောသူအလွန်နဲလှသည့်အချက်ဖြစ်ပါသည်။ အလံတော်အား တိုင်တစ်ဝက်လွှင့်ထူရာတွင် ဆောင်ရွက်ပုံအဆင့်ဆင့်မှာ-
(၁)နိုင်ငံတော်အလံအား တိုင်တစ်ဝက်လွှင့်ထူခြင်း
**ပထမဦးစွာနိုင်ငံတော်အလံအား တိုင်ထိပ်ရောက်အောင်လွှင့်ထူရပါမည်။ ၄င်းနောက်၅စက္ကန့်ခန့် ငြိမ်သက်ရပါမည်။ ထို့နောက် တိုင်တစ်ဝက်သို့ဖြည်းညှင်းစွာလျော့ချရမည်ဖြစ်ပါသည်။ သတိပြုရန်မှာ တိုင်တစ်ဝက်၏ အဓိပ္ပါယ်ကို နားလည်ရန်လိုအပ်ပေသည်။ အလံတိုင်သည် ပေ၄၀ရှိသည်ဆိုပါက တိုင်တစ်ဝက်ပေ၂၀နေရာသည် အလံတော်၏ အပေါ်နှုတ်ခမ်းနှင့်အညီ ဖြစ်ရမည်ဖြစ်ပေသည်။
(၂)တိုင်တစ်ဝက်မှအလံအား ပြန်လည်ရုပ်သိမ်းခြင်း
**တစ်နေ့တာအတွက် နိုင်ငံတော်အလံအား တိုင်တစ်ဝက်လွှင့်ထူခြင်းပြီးဆုံး၍ ပြန်ရုပ်ရာတွင် ပထမဦးစွာ တိုင်တစ်ဝက်တွင် လွှင့်ထူထားသော နိုင်ငံတော်အလံတော်အားတိုင်ထိပ်သို့ ပြန်လည်ဆွဲတင်လွှင့်ထူရမည်။ ၅စက္ကန့်ခန့်ငြိမ်သက်ပြီး နောက်မှသာ နိုင်ငံတော်အလံအား တိုင်အောက်သို့ဖြည်းညှင်းစွာ လျော့ချရုပ်သိမ်းရမည်ဖြစ်ပါသည်။
ဖတ်ဖူးခဲ့သမျှ ဗဟုသုတအဖြစ်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ ကင်းစောင့်လက်စွဲစာစောင်တွင် ရှာဖွေမှတ်ရှုနိုင်ပါသည်။ အနှစ်သာရရှိသော အာဇာနည်နေ့အား ဤPostဖြင့်ဂုဏ်ပြုအပ်ပါသည်။
Credit : Zaw Myo Thein #Myanmar_Online_News

0 comments:

Post a Comment