Monday, July 20, 2020

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာတွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်

ကချင်ပြည်နယ် ဟူးကောင်းလီဒူလမ်း ရှဒူးဇွပ်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကောင်းချောင်းကြီးလာကာ ကျေးရွာအိမ်ခြေ ၂၀၀ ခန့် ရေဘေးသင့်နေကြောင်း ကျေးရွာအုပ်ချူပ်ရေးမှူး မှ သိရသည်။
ဇူလိုင် ၁၉ ရက်နေ့ည မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မနက် ၂ နာရီ ၃ နာရီခန့်မှ ရေစတင် ကြီးလာပြီး အိမ်ခြေများ ၊စာသင်ကျောင်းနှင့် စစ်ရှောင်စခန်းတို့ တွင် ရေပြည့်သွားကာ စစ်ရှောင်များအား ယခုချိန် ဘုရားကျောင်းတွင်း ရွှေ့ပြောင်းနေရာချထားပေးကြောင်း သိရသည်။
ရေဘေးသင့် စစ်ရှောင်ပြည်သူများနှင့် ရွာသားများအတွက် ကူညီရေးနှင့် ကယ်ဆယ်ရေးများ အတွက်အရေးပေါ်လိုအပ်နေကြောင်း သိရသည်။
ရှဒူးဇွပ်ကျေးရွာတွင် လွန်ခဲ့သော ၄ နှစ်တုန်းကလည်း ရေကြီးခဲ့သော်လည်း ယခုနှစ်ရေကြီးမှုသည် အရင်နှစ်များထက် အဆိုးရွားဆုံးဖြစ်ကြောင်းသိရသည်။
Crd : Kachin News

0 comments:

Post a Comment