Thursday, July 23, 2020

တရားဟောဆရာ ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ကိုအမိန့်ချဖို့ လျှောက်လဲချက်တင်လိုက်ပြီဖြစ်

သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၂၅) ဖြင့် တရားစွဲဆိုထားသည့် စောဒေးဗစ်(ခ)ဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ကို ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းမြို့နယ်တရားရုံး ၌ ရာဇဝတ်ကြီး အမှုအမှတ်(၆၈၅/၂၀၂၀)အရ အမှုနှင့်ပတ်သက်၍ လက်ခံစစ်ဆေး ဆောင်ရွက်ခဲ့ပြီး ဇူလိုင်လ(၂)ရက်‌နေ့က အမှုအား စွဲချက်တင်အမိန့်ချမှတ်ခဲ့ပြီး‌နောက် ဇူလိုင်လ(၇)ရက်‌‌နှင့်( ၉ )ရက်နေ့များတွင် ထပ်မံရုံးချိန်း‌များခေါ်ယူ‌၍ အမှုကိုစစ်ဆေးခဲ့ပါသည်။
ဇူလိုင်လ(၁၄)ရက်နေ့၌ တရားခံပြသက်သေ (၃)ဦးအား စစ်ဆေးခဲ့ပြီး ယနေ့ဇူလိုင်လ (၁၆) ရက်နေ့တွင်လည်း (၁၃) ကြိမ်မြောက် ရုံးချိန်းအဖြစ် အမှုမှကျန်ရှိသော တရားခံပြသက်သေ (၃) ဦးကို ရုံးချိန်းခေါ်ယူပြီး အမှုကို ဆက်လက် စစ်ဆေးလျက်ရှိပါသည်။ ဤအမှုသည် မှုခင်း စီမံခန့်ခွဲမှုအစီအစဥ်အရ အလျင်အမြန်ဆောင်ရွက်ရမည့် ရာဇဝတ်ကြီးအမှုအဖြင့် သတ်မှတ်ထားခြင်းကြောင့် ရက်ပေါင်း (၉၀) အတွင်း အပြီးစစ်ဆေးရန်လျာထားကြောင်း သိရသည်။
ယနေ့ရုံးချိန်းတွင် မရမ်းကုန်းမြို့နယ်တရားရုံးမှ တရား​​ဟောဆရာ ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ကိုအမိန့်ချဖို့ လျှောက်လဲချက်တင်လိုက်ပြီဖြစ် ကြောင်း သိရပါသည်။
အဆိုပါ အမှုအား လာမည့် ၆-၈-၂၀၂၀ ရက်နေ့တွင် တရားရုံးစီရင်ချက်ချမှတ်မည်ဖြစ်ကြောင်း သိရပါသည်။

0 comments:

Post a Comment