Wednesday, July 15, 2020

အင်ဒိုနီးရှားနိုင်ငံတွင် ရေဘေးကြောင့် ၁၅ ဦးသေ၊ ဒါဇင်နှင့်ချီ ပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီတောင်ပိုင်း မြောက်ပိုင်းလူဝူဧရိယာတွင် ရေကြီးမှုကြောင့် လူ ၁၅ ဦး ထက် မနည်း သေဆုံးခဲ့ပြီး အများအပြား ပျောက်ဆုံးနေကြောင်း သိရသည်။
“ကျေးရွာအချို့ကို ဝင်ခွင့်မရေသေးလို့ သေဆုံးသူဦးရေ မြင့်တက်လာနိုင်ပါတယ်” ဟု မြောက်ပိုင်းလူဝူ အုပ် ချုပ်ရေးမှူး အင်ဒါပူထရီအင်ဒရီယာနီက ပြောသည်။ ဇူလိုင်လ ၁၂ ရက်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ ရာ မြစ်သုံးစင်း ရေကြီးခဲ့သည်။ ခရိုင်ခြောက်ခရိုင်ရှိ မိသားစုပေါင်း ၄၉၃၀ ရေဘေးသင့်ခဲ့ကြောင်း အမျိုး သား ဘေး အန္တရာယ်လျှော့ချရေးအေဂျင်စီ (BNPB) က ဇူလိုင်လ ၁၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဇူလိုင်လ ၁၆ ရက်အထိ ဒေသတွင်း မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း မိုလေဝသအေဂျင်စီ (BMKG) ခန့် မှန်းခဲ့ပြီး ရေကြီးရေလျှံမှုများ ပိုမိုဖြစ်လာနိုင်မှုကြောင့် စောင့်ကြည့်ကြရန် ဒေသခံများသို့ တိုက်တွန်းခဲ့သည်။
ရာချီသော အိမ်များနှင့် အများပြည်သူပိုင်အဆောက်အအုံများ ရွှံ့နွံမျာအောက် ၅ မီတာခန့်အထိ နစ်မြှုပ်ခဲ့ ပြီး ကျေးရွာအချို့သို့ဝင်ရောက်ရန် ၂ မီတာခန့်နစ်မြှုပ်နေသော ရွှံ့နွံများက ပိတ်ဆို့လျက်ရှိသည်။
ထိုသို့ပိတ်ဆို့နေမှုက ဒေသခံများ ဘေးလွတ်ရာရွှေ့ပြောင်းရေး လုပ်ငန်းစဉ်ကိုသာမက အကူအညီဖြန့်ဖြူး ရေးကိုလည်း အဟန့်အတားဖြစ်စေခဲ့သည်။
“ရှာဖွေရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေအပြင် အကူအညီ အထူးသဖြင့် အဝတ်အစားတွေပေးဝေမှု ဆက် လက်ဆောင်ရွက်ဖို့ လမ်းပွင့်သွားရေး ကျွန်တော်တို့ အခု အလေးထားဆောင်ရွက်နေပါတယ်။ ဒေသခံပြည် သူ ၂၆၅၀ အိုးအိမ်စွန့်ခွာခဲ့ရပါတယ်” ဟု အင်ဒါက ဆိုသည်။
“အခုရေဘေးက ဒီနှစ်အတွင်း စတုတ္ထမြောက်ရေဘေးဖြစ်ပါတယ်။ ယခင် ရေကြီးရေလျှံမှုတွေက မေလနဲ့ ဇွန်လမှာ ဖြစ်ပွားခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
Ref ; People Media

0 comments:

Post a Comment