Tuesday, July 21, 2020

ထိုင်းနှင့် မလေးရှားရောက် မြန်မာအလုပ်သမားများ ရွေးကောက်ပွဲအမီပြန်လာဖို့ အရေးကြီးအဆိုတင်သွင်းခဲ့မှု ရှုံးနိမ့်

ထိုင်းနှင့် မလေးရှားရောက် မြန်မာနိုင်ငံသားအလုပ်သမားများ မိမိဆန္ဒအရ လွတ်လပ်စွာမဲပေးနိုင်ရန် မြန်မာ့တပ်မတော် သယ်ယူပို့ဆောင်ရေးရေယာဉ်၊ လေယာဉ်များအသုံးပြု၍ ၂၀၂၀ ရွေးကောက်ပွဲအမီ ပြန်လည်ခေါ်ဆောင်နိုင်ရန် ပြည်သူ့လွှတ်တော်သို့ တင်သွင်းသည့် အရေးအကြီးအဆို ရှုံးနိမ့်ခဲ့သည်။
ယင်းအရေးကြီးအဆိုကို ယနေ့ (ဇူလိုင်လ ၂၁ ရက်) တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ရပ်ဆောက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က တင်သွင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါအရေးကြီးအဆိုကို ဆွေးနွေးရန် ထောက်ခံသည့်လွှတ်တော်ကိုယ်စားလှယ် ၁၂၅ ဦးသာရှိခဲ့သည့်အတွက် ၂၀၁၃ ခုနှစ် ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၆၃၊ နည်းဥပဒေခွဲ (ခ)၊ နည်းဥပဒေခွဲငယ်(၂) အရ လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း၏ သုံးပုံတစ်ပုံ ၁၄၄ ဦး မပြည့်မီသောကြောင့် ဆက်လက်ဆွေးနွေးရန် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်များရဲ့ထောက်ခံဆန္ဒမဲ ၁၂၅ မဲဖြစ်ပြီး ထောက်ခံသူဦးရေ ၁၄၄ ဦးမရှိတဲ့အတွက် ဦးခင်မောင်မြင့်ရဲ့အဆိုတင်သွင်းမှုကို လက်ခံဆွေးနွေးခြင်းမရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာခဲ့ပါတယ်။
COVID-19 ကပ်ရောဂါအခြေအနေကြောင့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲများစွာ ကြုံတွေ့နေရပြီး လေယာဉ်ဖြင့် ပြန်လာရန် နှောင့်နှေးကြန့်ကြာမှုများရှိနေပြီး မြန်မာနိုင်ငံသားအလုပ်သမား နှစ်သောင်းကျော်မှာလည်း မလေးရှားနိုင်ငံမှ ပြန်လာရန် ကျန်ရှိနေသေးကြောင်း သိရသည်။ ထို့အပြင် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၁၀ ဦးမှာ COVID-19 ဖြစ်ပေါ်နေသည့်မေလနှင့်ဇွန်လများအတွင်း မိမိကိုယ်ကို သတ်သေခြင်းများ ဖြစ်ပေါ်ခဲ့သည်။
Source - The Standard Time Daily
>>zawgyi<<

0 comments:

Post a Comment