Saturday, July 25, 2020

မြစ်ကမ်းပြို၍ အိမ်ရွှေ့ပြောင်းနေရသည့် ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွားများအား တပ်မတော်မှ လာရောက်ကူညီ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် တလုပ်မှော်ကျေးရွာအုပ်စု ဧရာဝတီမြစ်လည်ရှိ သာစည်ကျေးရွာမှာ လွန်ခဲ့သည့် ၁ လခန့်မှစတင်ကာ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုများ ကြုံတွေ့နေရပြီး ယနေအထိ နေအိမ် ၁၈ လုံး အိမ်ဖျက်၍ ပြောင်းရွှေ့နေရကြောင်း သိရသည်။
အဆိုပါနေရာသို့ တပ်မတော်သားများနှင့် တလုပ်မှော်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်ကူညီပေး၍ နေအိမ်ပြောင်းရွှေ့နေရသည့် ဒေသခံပြည်သူ အိမ်ထောင်စု ၁၈ စုအား တပ်မတော်မှ ဆန် ၅ အိတ်၊ ကုလားပဲ ၁ အိတ်နှင့် ကြက်ဥအလုံး ၁၅၀ တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ရွာဦးကျောင်း ဆရာတော်ထံ ဆန်တအိတ်၊ ကြက်ဥအလုံး ၃၀ နှင့် ဆီ ၅ ပိဿာတပုံးတို့ လှူဒါန်းပေးအပ်ခဲ့သည်။
နေအိမ်ပြောင်းရွှေ့သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ နေအိမ်တလုံးလျှင် ငွေကျပ် ၁ သိန်း၊ စာနှက်ရိက္ခာ ၁၀ မျိုးနှင့် လူတဦးကို ၂၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့မှုများ ပံ့ပိုးပေးခဲ့ပြီး လက်ရှိအချိန်အထိ သက်ဆိုင်ရာ ရွှေတောင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုကူညီပေးခြင်းမရှိသေးကြောင်း သာစည်ကျေးရွာပြည်သူများထံ မှသိရသည်။
crd- မြေလတ်အသံ - Myaelatt Athan #Myanmar_Online_News
>>Zawgyi<<


0 comments:

Post a Comment