Thursday, July 23, 2020

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ သာစည်မြို့နယ် သဘင်အစည်းအရုံးလုပ်သားများအား ဆန်၊ဆီ၊ဆား၊ပဲ ထောက်ပံ့ပေးအပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး သွားလာမှုများ ကန့်သတ်ချက်များရှိလာသဖြင့် စားရေးအခက်အခဲဖြစ်ပေါ်လျှက်ရှိသော မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ရှိ သဘင်အစည်းအရုံးလုပ်သား ၁၂၀ ဦးအတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က လှူဒါန်းပေးအပ်သော ၃၀ ရက်စာ ရိက္ခာ ဆန် ၄၂ အိတ်၊ ဆီ ၇၄ ပိဿာ၊ ဆား ၆၅ ပိဿာနှင့် ပဲ ၁၁၁ ပိဿာ တို့အား ယနေ့တွင် သာစည်မြို့ ရတနာမာရ်အောင်ဘုရား ဇာတ်ရုံတော်ကြီးတွင် ထောက်ပံ့ပေးအပ်ခဲ့ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်၊ တပ်နယ်မှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မိတ္ထီလာတပ်နယ် တပ်နယ်မှူးနှင့် တပ်မတော်သားများက ထောက်ပံ့ပစ္စည်းများကို သဘင်အစည်းအရုံးလုပ်သားများထံ ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။
၎င်းနောက် သာစည်မြို့နယ် သဘင်အစည်းအရုံး ဥက္ကဌ ဦးကျော်မောင် မှ ယခုကဲ့သို့ တပ်မတော်သားများမှ မိမိတို့သဘင်အစည်းအရုံးလုပ်သားများအား ထောက်ပံ့ပေးအပ်မှုအတွက် လွန်စွာ ဝမ်းမြောက်ကြောင်းနှင့် အားလုံးကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Crd : ထီလာမြေ

0 comments:

Post a Comment