
မနေညနေပိုင်းက နေရာ နှစ်နေရာမှာရေယိုစိမ့်မှု စတွေ့လိုက်ပါတယ်။ ရေ level ကျလို့ စတွေ့တာဖြစ်နိုင်သလို pressure head များလာလို့ ထပ်စိမ့်တာလည်းဖြစ်နိုင်ပါတယ်။
ရေစိမ့်တာမများပေမယ့် တိုက်စားမှုကြောင့် ကြီးလာနိုင်လို့ ဆည်မြောင်း၊ ဆောက်လုပ်ရေး၊ ရေမြစ်ဖြိုး၊ စည်ပင်၊ အင်ဂျင်နီယာကောင်စီမှ ပညာရှင်များ တိုင်ပင်ဆွေးနွေး နည်းလမ်းရှာပြီး ပြန်ပိတ်နိုင်ခဲ့ပါပြီ။
နံကပ်အင်းရေ ၂ ပေခွဲလျော့ သွားပါပြီ။ စွမ်းအားပြည့် ဆက်စုပ်ပေးနေပါတယ်။
မနေ့က ရေဘေးကယ်ဆယ်ရေးအလှူပေးအပ်တာ၊ တာရိုးလုပ်ငန်းစစ်ဆေးတာ၊ ရုံးလုပ်ငန်းအကြွေးများပြန်ဆပ်တာ၊ တိုင်းစည်ပင် EC အစည်းအဝေးနဲ့ မြို့တော်စည်ပင် EC အစည်းအဝေး အပြီး ၇ ရက်ဆက်တိုက်အလုပ်ကြောင့် ခြေထောက်တွေယောင် နားနေရလို့ မနေ့ညက မရောက်ဖြစ်ပါ။
မြို့တော်အတွက် အဖက်ဖက်ကဝိုင်းဝန်းကူညီကြသူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။









Crd : Ye Lwin #Myanmar_Online_News
0 comments:
Post a Comment