Thursday, July 16, 2020

မြန်မာရွှေ့ပြောင်းလုပ်သားများ တရားမဝင်သွားရောက်နေ၍ ထိုင်းက မြန်မာနယ်စပ်တွင် လုံခြုံရေးတိုးမြှင့်

ထိုင်းနိုင်ငံသို့ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများ မဝင်လာစေရေးနှင့် COVID-19 ရောဂါပျံ့နှံ့မည့် အရေးစိုး ရိမ်သောကြောင့် မြန်မာနိုင်ငံနယ်စပ်သို့ ကင်းလှည့်ရန် တပ်ဖွဲ့ဝင် ရာနှင့်ချီ၍ စေလွှတ်ထားကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ကြေညာသည်။
စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်နယ်စပ်မြို့ဖြစ်သော မဲဆောက်မှ အစိုးရအရာရှိများက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား ပိုင်းခြားထားသော အဓိကဒေသ နှစ်ခုဖြစ်သည့် မဲခေါင်မြစ်နှင့် တောအုပ်များတစ်လျှောက်တွင် စစ်ဆေးမှုများပြုလုပ်နေသည်။
ဗိုင်းရပ်စ်ကြောင့် လော့ခ် ဒေါင်းချထားမှုအတွင်း နယ်စပ်ကို ပိတ်ထားသော်လည်း မြန်မာလုပ် သားများ တရားမဝင်လာရောက်မှုများရှိကြောင်း ကြားသိထား သည်ဟု ထိုင်း COVID-19 အ ခြေအနေ စီမံခန့်ခွဲရေးစင်တာ CCSA က ပြောကြားသည်။
‘‘ကျွန်တော်တို့မှာ ဒေသတွင်း ရောဂါကူးစက်မှုမရှိတာ ရက် ၅၀ ရှိပါပြီ။ အဝင်လေကြောင်းခရီးစဉ်တွေကို ပိတ်ထား တုန်းပဲဖြစ်တာကြောင့် ရောဂါကူး စက်မှုဒုတိယလှိုင်းဟာ အဲဒီနယ် စပ်ကို တရားမဝင်ဖြတ်ပြီး ထိုင်းနိုင်ငံထဲဝင်လာတဲ့ လူတွေဆီက ထွက်ပေါ်လာဖွယ်ရှိပါတယ်’’ ဟု CCSA ပြောရေးဆိုခွင့်ရှိသူ တာဝီဆင်းဗီဆာနုယိုသင်းက ပြောကြားသည်။
ထိုင်းနိုင်ငံတွင် စီပွားရေးလုပ်ငန်းများအား ပိတ်ပင်ထားမှု များကို ဖြေလျှော့ရာတွင်ပဉ္စမအ ဆင့်သို့ ဝင်ရောက်လာနေပြီဖြစ် ကာ ဈေးပေါသောအလုပ်သမား ရလိုအားမြင့်တက်နေမှုနှင့်အတူ တရားမဝင်ရွှေ့ ပြောင်းနေထိုင်သူများသည် ထိုင်းနိုင်ငံသို့ဝင် ရောက်ရန် နည်းလမ်းများရှာဖွေနေကြကြောင်း တာဝီဆင်းက ပြောကြားသည်။
မိမိတို့နယ်စပ်သည် ရှုပ်ထွေးပြီး လုံခြုံမှုမရှိသောကြောင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ များဝင်ရောက်မှုကို တားဆီးရေး နယ်စပ်တပ်ဖွဲ့များအတွက် စိန် ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း တာ ဝီဆင်းက ဖြည့်စွက်ပြောကြားသည်။
Ref ; Popolay

0 comments:

Post a Comment