Wednesday, July 15, 2020

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ ပါဝင်ယှဉ်ပြိုင်မည်

လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌနှစ်ဦးတို့သည် ရွေး ကောက်ပွဲဝင်ရောက် သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဖြစ်သည့် ဦးသန်းဌေး၊ ဒု-ဥက္ကဋ္ဌ(၂)ဖြစ်သည့် ဦးခင်ရီနှင့် ဒု-ဥက္ကဋ္ဌ(၃)ဦးလှထွန်းတို့
သည် ရွေးကောက်ပွဲဝင်ကြမယ်လို့ဆိုပါတယ်။ ထိုကဲ့သို့ ပါတီဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌတို့ ဝင်ရောက်ရွေးချယ်ခံမည့်နေရာ များကို ဒေါက်တာနန္ဒာလှမြင့်က ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါ။
ပြည်ခိုင်ဖြိုးပါတီသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌ တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ ရွေးကောက်ခံရန် ပြင်ဆင်ထားလျက်ရှိသည်။
အလားတူ မဲဆွယ်ကာလ၌ နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်ကလည်း ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေးအတွက် မဲဆွယ်ပေးမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီက တရားဝင် ပြောဆိုထားပါတယ်။
Source - People Media

0 comments:

Post a Comment