Sunday, July 19, 2020

နတ်တလင်းမြို့နယ်တွင် ဖုန်းပေါင်ရာမှ စကားများပြီး ဓားဖြင့် လည်ပင်းလှီး၍ ဆိုင်ရှင်သေဆုံး၊ မိသားစုဝင် ၃ ဦး ဒဏ်ရာရ


ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် သာဇီရပ်ကွက် အပြင်သာဇီလမ်းရှိ "အောင်သစ္စာ"အမိန့်ရ အပေါင်ဆိုင်တွင် ဖုန်းလာပေါင်သူက ဓားဖြင့်ထိုးသဖြင့် ဆိုင်ရှင် တစ်ဦးသေဆုံးပြီး မိသားစုဝင် သုံးဦးတွင် စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း နတ်တလင်းမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ"အောင်သစ္စာ"အမိန့်ရ အပေါင်ဆိုင်( နေအိမ်)တွင် ဦးဝင်းဇော် အသက် (၄၀)ရှိနေစဉ် အမည်မသိအမျိုးသားတစ်ဦး ရောက်ရှိလာပြီး ၎င်း၏ MI အမျိုးအစား လက်ကိုင်ဖုန်းကို လာရောက်ပေါင်နှံစဉ် စကားများခဲ့ကြကြောင်း၊ အဆိုပါအမျိုးသားက အသင့်ပါလာသော ဓားမြှောင်ဖြင့် ဦးဝင်းဇော်၏လည်ပင်းကို လှီးခဲ့ကြောင်း၊ ထိုအချိန် ဦးဝင်းဇော်၏ နေအိမ်မီးဖိုချောင်၌ရှိနေသော ဦးဝင်းဇော်၏အစ်မနှစ်ယောက်ဖြစ် သည့် ဒေါ်နှင်းနှင်းခိုင်၊ ဒေါ်သင်းသင်းခိုင်၊ တူမဖြစ်သူ မနီနီမွန်တို့က ဧည့်ခန်းသို့ အော်ဟစ် ပြေးထွက်လာစဉ် ၎င်းအမျိုးသားက ဓားမြှောင်ဖြင့်လိုက်ထိုးခဲ့ကြောင်း သိရသည်။ ဦးဝင်း ဇော်တွင်လည်ပင်းပြတ်ရှဒဏ်ရာဖြင့် နတ်တလင်းပြည်သူ့ဆေးရုံတွင် သေဆုံးသွားပြီး ဒေါ်နှင်းနှင်းခိုင် အသက်(၅၀)တွင် ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ၊ ဆီးခုံအထက်ထိုးသွင်း ဒဏ်ရာ၊ ယာဘက်နို့အုံထိုးသွင်းဒဏ်ရာ၊ ယာလက်မောင်းရင်းပြတ်ရှဒဏ်ရာ (စိုးရိမ်ရ)၊ ဒေါ်သင်းသင်းခိုင်(၄၆)နှစ်တွင် ယာဘက် နို့အုံထိုးသွင်းဒဏ်ရာ(စိုးရိမ်ရ)၊ မနီနီမွန် (၃၄)နှစ်တွင် ယာလက်မောင်းပြတ်ရှ ဒဏ်ရာ၊ ဝဲရင်ဘတ်ပြတ်ရှဒဏ်ရာ (စိုးရိမ်ရ)များ ရရှိ ခဲ့ကြောင်း သိရသည်။
ဓားဖြင့်ထိုးသူမှာ အခင်းဖြစ် နေအိမ်မှ ထွက် ပြေးသဖြင့် နတ်တလင်း မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထွန်းလင်းခိုင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ခင်မောင်ချင်းနှင့် နယ်ထိန်း တပ်ဖွဲ့ဝင်များက ချက်ချင်းလိုက်လံစုံစမ်းဖမ်းဆီးခဲ့ရာ သာဇီရပ်ကွက် ဇီးတောကွက်သစ် သုသာန်အတွင်းရှိ ချုံပုတ်အတွင်း ပုန်းခိုနေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြစ်မှု ကျူးလွန်သူမှာ ဇာနည်ထွန်း(၂၆)နှစ် ရွာမလမ်း ရွာမရပ်ကွက် နတ်တလင်းမြို့နယ်နေသူ ဖြစ်ပြီး "သူက ခိုးမှုနဲ့ထောင်အကြိမ်ကြိမ် ကျထားတဲ့သူပေါ့။ ဖုန်းလာပေါင်တာ၊ သူ့ ဖုန်းကို လေးသောင်းပေးပါပြောတယ်။ ရွေးလိုက် ပေါင်လိုက်ပေါ့။ လေးသောင်း တော့မရဘူး။ နှစ်သောင်းပဲရမယ်ဆိုပြီး ပြောကြဆိုကြရင်းနဲ့ စကားများရင်း တွန်းထုတ်လိုက်တယ်ပေါ့။ အဲဒီမှာ အသင့်ပါလာတဲ့ ဓားနဲ့ရန်ပြုတာပေါ့"ဟု မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်က ပြောဆိုသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍သေဆုံး/ ဒဏ်ရာရရှိအောင် ပြုလုပ်သူဇာနည်ထွန်း အား နတ်တလင်းမြို့မရဲစခန်းက (ပ) ၄၉၁/၂၀၂၀၊ ပြစ်မှုဥပဒေပုဒ်မ-၃၀၂/၃၂၆ အရ အမှုဖွင့်အရေးယူထားပြီး ဒဏ်ရာရရှိသူ အမျိုးသမီးသုံးဦးကို ရဲဆေးစာဖြင့် ရန်ကုန် ဆေးရုံကြီးသို့ ပို့ ဆောင်ထားကြောင်း သိရသည်။
crd-စံတော်ချိန် #Myanmar_Online_News
>>Zawgyi<<
နတ်တလင်းမြို့နယ်တွင် ဖုန်းပေါင်ရာမှ စကားများပြီး ဓားဖြင့် လည်ပင်းလှီး၍ ဆိုင်ရှင်သေဆုံး၊ မိသားစုဝင် ၃ ဦး ဒဏ်ရာရ
Sunday, July 19, 2020
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် သာဇီရပ်ကွက် အပြင်သာဇီလမ်းရှိ "အောင်သစ္စာ"အမိန့်ရ အပေါင်ဆိုင်တွင် ဖုန်းလာပေါင်သူက ဓားဖြင့်ထိုးသဖြင့် ဆိုင်ရှင် တစ်ဦးသေဆုံးပြီး မိသားစုဝင် သုံးဦးတွင် စိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း နတ်တလင်း မြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ"အောင်သစ္စာ"အမိန့်ရ အပေါင်ဆိုင်( နေအိမ်)တွင် ဦးဝင်းဇော် အသက် (၄၀)ရှိနေစဉ် အမည်မသိအမျိုးသားတစ်ဦး ရောက်ရှိလာပြီး ၎င်း၏ MI အမျိုးအစား လက်ကိုင်ဖုန်းကို လာရောက်ပေါင်နှံစဉ် စကားများခဲ့ကြကြောင်း၊ အဆိုပါအမျိုးသားက အသင့်ပါလာသော ဓားမြှောင်ဖြင့် ဦးဝင်းဇော်၏လည်ပင်းကို လှီးခဲ့ကြောင်း၊ ထိုအချိန် ဦးဝင်းဇော်၏ နေအိမ်မီးဖိုချောင်၌ရှိနေသော ဦးဝင်းဇော်၏အစ်မနှစ်ယောက်ဖြစ် သည့် ဒေါ်နှင်းနှင်းခိုင်၊ ဒေါ်သင်းသင်းခိုင်၊ တူမဖြစ်သူ မနီနီမွန်တို့က ဧည့်ခန်းသို့ အော်ဟစ် ပြေးထွက်လာစဉ် ၎င်းအမျိုးသားက ဓားမြှောင်ဖြင့်လိုက်ထိုးခဲ့ကြောင်း သိရသည်။ ဦးဝင်း ဇော်တွင်လည်ပင်းပြတ်ရှဒဏ်ရာဖြင့် နတ်တလင်းပြည်သူ့ဆေးရုံတွင် သေဆုံးသွားပြီး ဒေါ်နှင်းနှင်းခိုင် အသက်(၅၀)တွင် ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ၊ ဆီးခုံအထက်ထိုးသွင်း ဒဏ်ရာ၊ ယာဘက်နို့အုံထိုးသွင်းဒဏ်ရာ၊ ယာလက်မောင်းရင်းပြတ်ရှဒဏ်ရာ (စိုးရိမ်ရ)၊ ဒေါ်သင်းသင်းခိုင်(၄၆)နှစ်တွင် ယာဘက် နို့အုံထိုးသွင်းဒဏ်ရာ(စိုးရိမ်ရ)၊ မနီနီမွန် (၃၄)နှစ်တွင် ယာလက်မောင်းပြတ်ရှ ဒဏ်ရာ၊ ဝဲရင်ဘတ်ပြတ်ရှဒဏ်ရာ (စိုးရိမ်ရ)များ ရရှိ ခဲ့ကြောင်း သိရသည်။
ဓားဖြင့်ထိုးသူမှာ အခင်းဖြစ် နေအိမ်မှ ထွက် ပြေးသဖြင့် နတ်တလင်း မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထွန်းလင်းခိုင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ခင်မောင်ချင်းနှင့် နယ်ထိန်း တပ်ဖွဲ့ဝင်များက ချက်ချင်းလိုက်လံစုံစမ်းဖမ်းဆီးခဲ့ရာ သာဇီရပ်ကွက် ဇီးတောကွက်သစ် သုသာန်အတွင်းရှိ ချုံပုတ်အတွင်း ပုန်းခိုနေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြစ်မှု ကျူးလွန်သူမှာ ဇာနည်ထွန်း(၂၆)နှစ် ရွာမလမ်း ရွာမရပ်ကွက် နတ်တလင်းမြို့နယ်နေသူ ဖြစ်ပြီး "သူက ခိုးမှုနဲ့ထောင်အကြိမ်ကြိမ် ကျထားတဲ့သူပေါ့။ ဖုန်းလာပေါင်တာ၊ သူ့ ဖုန်းကို လေးသောင်းပေးပါပြောတယ်။ ရွေးလိုက် ပေါင်လိုက်ပေါ့။ လေးသောင်း တော့မရဘူး။ နှစ်သောင်းပဲရမယ်ဆိုပြီး ပြောကြဆိုကြရင်းနဲ့ စကားများရင်း တွန်းထုတ်လိုက်တယ်ပေါ့။ အဲဒီမှာ အသင့်ပါလာတဲ့ ဓားနဲ့ရန်ပြုတာပေါ့"ဟု မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်က ပြောဆိုသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍သေဆုံး/ ဒဏ်ရာရရှိအောင် ပြုလုပ်သူဇာနည်ထွန်း အား နတ်တလင်းမြို့မရဲစခန်းက (ပ) ၄၉၁/၂၀၂၀၊ ပြစ်မှုဥပဒေပုဒ်မ-၃၀၂/၃၂၆ အရ အမှုဖွင့်အရေးယူထားပြီး ဒဏ်ရာရရှိသူ အမျိုးသမီးသုံးဦးကို ရဲဆေးစာဖြင့် ရန်ကုန် ဆေးရုံကြီးသို့ ပို့ ဆောင်ထားကြောင်း သိရသည်။
crd-စံတော်ချိန် #Myanmar_Online_News

0 comments:

Post a Comment