Saturday, July 25, 2020

အင်္ဂပူမြို့နယ်ရှိ တောင်ယာတဲများကို တောဆင်ရိုင်း ဝင်ရောက်ဖျက်ဆီးနေ၍ ဒေသခံများ ကြောက်လန့်ထွက်ပြေး

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကျွဲဆင်းကျေးရွာအုပ်စုရှိ တောင်ယာလုပ်ကိုင်သူတွေ နေထိုင်တဲ့ တဲတွေကို တောဆင်ရိုင်းတစ်ကောင် ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ကျွဲဆင်းကျေရွာအုပ်စု ငှက်ပျောတောကျေးရွာနေ ဦးခင်ရွှေက “ဆင်ဝင်နေတာ ကြာပြီ၊ ခုဆို တပတ် ဆယ်ရက်လောက် ရှိမယ်။ တောင်ယာတဲတွေ ဖျက်ဆီးတော့ လူတွေမနေရဲတော့ဘူး။ ခုဆို ရွာနားတောင် ရောက်လာပြီ၊ တဲကတော့ ၂၀ ကျော်လောက်ရှိမယ်။ ဆင်က နေ့ခင်းဘက် ပျောက်သွားပြီး ညဘက်ညဘက် ရောက်လာပြီး တဲကို ဖျက်ဆီးတယ်။ အဲဒီမှာ ဆန်တို့၊ ဆားတို့ စားတာ။ လူတွေကတော့ ကြောက်လို့ ပြေးကြလွှားကြပေါ့ဗျာ။ အတော်လေးတော့ အခက်အခဲဖြစ်နေတယ်” လို့ ပြောပါတယ်။
အင်္ဂပူမြို့နယ်ဟာ ရခိုင်ရိုးမနဲ့ ထိစပ်နေပြီး နှစ်စဉ် တောဆင်ရိုင်းတွေ ဝင်ရောက်တာတွေ ကြုံနေရတာပါ။ ၂၀၁၉ ခုနှစ်အတွင်းကလည်း အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်၊ လေးမျက်နှာနဲ့ ကြံခင်းမြို့နယ်တွေက ကျေးရွာအချို့ကို တောဆင်ရိုင်းတွေ ဝင်ရောက်ပြီး နေအိမ်တွေနဲ့ သီးနှံစိုက်ပျိုးခင်းတွေကို ဖျက်ဆီးခဲ့ဖူးပါတယ်။
>>Zawgyi<<

0 comments:

Post a Comment