Wednesday, July 15, 2020

ကျောက်စိမ်းဆင်းတုတော်အား မူလအတိုင်း ဆက်လက်ပူဇော်ထားရှိရန် ဩဝါဒစရိယဆရာတော်များဆုံးဖြတ်

ယနေ့ဇူလိုင်လ၁၅ရက်နေ့လယ် (၂:၀၀)နာရီတွင် ရွှေတိဂုံစေတီတော်ဩဝါဒစရိယဆရာတော်ကြီးများ ရွှေတိဂုံဂေါပကအဖွဲ့ဝင်များသည်ရင်ပြင်တော် စနေထောင့်အနီး သတ္တုတွင်းဝန်ကြီးဌာနမှ ၁၉၉၉ ခုနှစ်တွင်ကပ်လှူပူဇော်ထားသော ကျောက်စိမ်းရုပ်ပွားတော်ကို စစ်ဆေးကြည့်ရှုပြီး မူလအတိုင်းဆက်လက်အပူဇော်ခံထားရှိရန်ဆုံးဖြတ်ခဲ့သည်။
ဆရာတော်ကြီးများကကျောက်စိမ်းရုပ်ပွားတော်သည်ဗုဒ္ဓရုပ်ပွားတော်အင်္ဂါများနှင့်ကိုက်ညီကြောင်း၊ ဗုဒ္ဓရုပ်ပွားတော်ဆင်းတုထုလုပ်ရာတွင်ပျူခေတ်တွင်ထုပါက ပျူယဉ်ကျေးမှုလက်ရာပုံစံ၊အိန္ဒိယတွင်ထုလုပ်ပါက အိန္ဒိယယဉ်ကျေးမှုလက်ရာပုံစံ၊ တရုတ်တွင်ထုလုပ်ပါက တရုတ်ယဉ်ကျေးမှုလက်ရာပုံစံအမျိုးမျိုးရှိကြောင်း၊ ဆန့်ကျင်ဖက်အမြင်ဖြင့်ကြည့်သူများသာ ကဲ့ရဲ့ဝေဖန်ရှုံ့ချတတ်ကြောင်း မိန့်တော်မူခဲ့ကြသည်။ ထို့နောက် ဆရာတော်ကြီးများက ကျောက်စိမ်းရုပ်ပွားတော်ကိုမူလနေရာတွင်ပင် မူလပုံစံအတိုင်းဆက်လက်ထားရှိအပူဇော်ခံရန်ဆုံးဖြတ်ခဲ့ကြသည်။
အဆိုပါကျောက်စိမ်းရုပ်ပွားတော်ကိုဦးသန်းရွှေမျက်နှာနှင့်တူအောင်ထုလုပ်ထားသည်ဆိုကာ အွန်လိုင်းမီဒီယာတစ်ခုကဇူလိုင်လ ၇ ရက်ကရေးသားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Source - Health Care

0 comments:

Post a Comment